Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးနယ် ရွာသာယာတွင်တပ်စွဲထားသည့်စစ်အုပ်စုကို ငါးရက်အတွင်း သုံးကြိမ် တိုက်ခိုက်

ဒရုန်း သုံးစီးဖြင့် ဗုံးသီး(၁၂)လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ပျူ သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားသည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

(၂၀၂၁ မတ်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးငြိမ်းချမ်းစွာဆန္ဒပြသူများအား အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - CJ)
(၂၀၂၁ မတ်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးငြိမ်းချမ်းစွာဆန္ဒပြသူများအား အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ဘေးရှိ ရွာသာယာကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ဒရုန်းဖြင့်ငါးရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း Adventure – A.S.D အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့်ပျူများသည် မြို့နယ်အတွင်း ရွာစဉ်လှည့်၍ ပြ​ည်သူများ၏ ပစ္စည်းများအား အဓမ္မသိမ်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေ၍ ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အတွင်း သုံးကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Adventure – A.S.D အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒရုန်း သုံးစီးဖြင့် ဗုံးသီး(၁၂)လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ပျူ သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားသည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

“အဲရွာက တစ်ရွာလုံးပျူရွာဗျ။ ရွာထဲမှာ စကစကရဲ့ လက်နက်ကြီးတည်နေရာနေကို ချတာ။အဓိကတော့ လက်နက်ကြီးနေရာပေါ့။ တစ်ခါချပြီးရင် ပြန်ပြန်ပစ်တယ်ဗျ။ အဲဒါကိုထောက်ပြီး လက်နက်ကြီးနေရာတွေကိုချတာ။”ဟု Adventure – A.S.D အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သေဆုံးထိခိုက်သူများအား ဖောင်ဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စဉ့်ကူးမြို့သို့‌သယ်ဆောင်သွားကြောင်းAdventure – A.S.D အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Adventure – A.S.D၊ကောင်းကင်တော်လှန်ရေးအင်အားစု (ပြင်ဦးလွင်ခရိုင်ပကဖ)၊ ADRFတော်လှန်ရေးအင်အားစု_မတ္တရာ၊Peacock Soldier Maadaya၊ Peacock Warrior Force Madaya၊ SKY HERO – Madaya၊ စဥ့်ကူးမြို့နယ် ပကဖတို့ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မဟာမိတ် (၇) ဖွဲ့လုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

စဥ့်ကူးနယ်၊ ဧရာဝတီမြစ်ဘေး ကျေးရွာများ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် စဥ့်ကူးနယ်တင်မကဘဲ မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ ရွှေဘိုနှင့် ဝက်လက်နယ်များဘက်ကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။