Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် စစ်ကောင်စီယာဥ်တန်းနှင့် စစ်ဆေးရေးဂိတ်ကို နှစ်ရက်ဆက် တိုက်ခိုက်

နွားထိုးကြီးမြို့နယ်တွင် ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းကလည်း နွားစျေးသို့ လိုင်းကြေးလာကောက်သည့် ရဲနှစ်ဦးအား Natogyi People Defence Forceအဖွဲ့က ပစ်ခတ်ခဲ့ပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့သည်။

(နွားထိုးကြီး - တောင်သာလမ်းပေါ်တွင် ပြီးခဲ့သ​ည့်လပိုင်းအတွင်းက မော်တော်ယာဉ်များကို နွားထိုးကြီးအခြေစိုက်PDF က စစ်ဆေးခဲ့စဥ်၊ ဓာတ်ပုံ - Cj)
(နွားထိုးကြီး - တောင်သာလမ်းပေါ်တွင် ပြီးခဲ့သ​ည့်လပိုင်းအတွင်းက မော်တော်ယာဉ်များကို နွားထိုးကြီးအခြေစိုက်PDF က စစ်ဆေးခဲ့စဥ်၊ ဓာတ်ပုံ - Cj)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ယာဥ်တန်းနှင့် စစ်ဆေးရေးဂိတ်အား တော်လှန်ရေးအင်အားစုနှစ်ဖွဲ့က နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၁၆ ရက် ညနေ ၃နာရီခွဲခန့်က မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း၊ ညောင်ပင်ကျေးရွာအနီးတွင် စစ်ကောင်စီယာဥ်တန်းအား စစ်ကိုင်းခရိုင် တပ်ရင်း(၄)- MSPDFအဖွဲ့နှင့် ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Natogyi Regional Defence Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မှန်လုံတစ်စီးနဲ့ Light truck တစ်စီးဗျ။ ထိခိုက်မှုအခြေအနေကတော့ စုံစမ်းနေဆဲပါ။”ဟု NRDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၇ ရက်) နံနက် ၁၀နာရီခန့်ကလည်း နွားထိုးကြီးမြို့ အရှေ့ဘက် (၂)မိုင်ခန့်အကွာ နွားထိုးကြီး – မြစ်သားလမ်းမကြီးပေါ်ရှိ ပြည်သူများကို ခြိမ်းခြောက်ငွေတောင်းနေသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် အီဂါနာဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေကို အတိအကျမသိရသေးကြောင်း Natogyi People Defence Forceအဖွဲ့က ဆိုသည်။

နွားထိုးကြီးမြို့နယ်တွင် ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းကလည်း နွားစျေးသို့ လိုင်းကြေးလာကောက်သည့် ရဲနှစ်ဦးအား Natogyi People Defence Forceအဖွဲ့က ပစ်ခတ်ခဲ့ပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။