Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံ စီမံအုပ်ချုပ်ခွင့်ကိုအရည်အချင်းရှိတဲ့သူဆီ လွှဲပေးဖို့ စစ်ကောင်စီကို အင်ဒို အစိုးရဝန်ကြီး တိုက်တွန်း

ပန်ဂျိုင်တန်ရဲ့ မှတ်ချက် စကားနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဇော်မင်းထွန်းကို Bloomberg သတင်းဌာနက ဆက်သွယ် မေးမြန်းပေမယ့် ဘာတုံ့ပြန် မှတ်ချက်မှ မပေးခဲ့ပါဘူး။

( အင်ဒိုနီးရှားရေကြောင်းလုပ်ငန်း ညှိနှိုင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးလူဟွတ်ပန်ဂျိုင်တန်။ဓါတ်ပုံ- Asia Society )
( အင်ဒိုနီးရှားရေကြောင်းလုပ်ငန်း ညှိနှိုင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးလူဟွတ်ပန်ဂျိုင်တန်။ဓါတ်ပုံ- Asia Society )

နိုင်ငံကို စီမံအုပ်ချုပ်ခွင့်ကို အရည်အချင်း ပြည့်မီသူတွေ လက်ထဲ လွှဲပြောင်းပေးဖို့ အင်ဒိုနီးရှား အစိုးရရဲ့ ဝန်ကြီးတစ်ဦးက စစ်ကောင်စီကို တိုက်တွန်း လိုက်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံမှာ ပြည်သူတွေ ဘက်ပေါင်းစုံ အကျပ်တွေ့နေရပြီး နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ ခံနေရသလို စီးပွားရေးကလည်း ဦးစိုက်ဂျွမ်းပြန် ကျဆင်းနေတာတွေကြောင့် အင်ဒိုနီးရှားရေကြောင်းလုပ်ငန်း ညှိနှိုင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး လူဟွတ် ပန်ဂျိုင်တန်က အခုလို ပြောခဲ့တာပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက နိုင်ငံရဲ့ စီမံအုပ်ချုပ်ခွင့် ကဏ္ဍအသီးသီးကနေ ဆုတ်ခွာပေးခဲ့တဲ့ အင်ဒိုနီးရှား စစ်တပ်ကို မြန်မာ စစ်အာဏာရှင်တွေ အနေနဲ့ အတုယူသင့်တယ်လို့လည်း သူက အကြံပြုပါတယ်။ ပန်ဂျိုင်တန် ကိုယ်တိုင်ကလည်း အရင်က စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။

မြန်မာ အစိုးရအဖွဲ့ထဲမှာ ဦးဆောင်နေတဲ့ စစ်အရာရှိတွေ အများကြီး ရှိနေကြောင်း၊ ဒါပေမဲ့ ကိုယ်က အရည်အချင်း မပြည့်မီဘူးဆိုရင် ဘာကြောင့် သမ္မတ နေရာကို ယူချင်နေသေးလဲလို့ သူက ကမ္ဘာ့စီးပွားရေး ဖိုရမ်ရဲ့ ဆွေးနွေးမှု အစီအစဉ် တစ်ခုမှာ မေးခွန်းထုတ်သွားပါတယ်။ အဲဒီအစား အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အင်ဒိုနီးရှားကို အတုယူပြီး တကယ်တမ်း လုပ်ငန်းကျွမ်းကျင်တဲ့သူ တစ်ယောက်ယောက်ကိုသာ နိုင်ငံစီမံ အုပ်ချုပ်ခွင့် အပ်နှင်းသင့်တယ်လလို့ ပန်ဂျိုင်တန်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှားဟာ နိုင်ငံရဲ့ ပထမဆုံး သမ္မတဆီကနေ ၁၉၆၆ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဆူဟာတို အုပ်စိုးမှုကနေ ၁၉၉၈ ခုနှစ်မှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာနိုင်ခဲ့ပါတယ်။ ဆူဟာတိုဟာ ဆယ်စုနှစ် ၃ ခုလောက် သံမဏိ စည်းမျဉ်းတွေနဲ့ အုပ်ချုပ်ခဲ့ပေမယ့် နိုင်ငံစီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးလာအောင် တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ ဒီအချက်ကြောင့်လည်း ပန်ဂျိုင်တန်တို့လို စစ်ဘက် အရာရှိဟောင်းကြီးတွေဟာ မျက်မှောက်ခေတ် အင်ဒိုနီးရှား နိုင်ငံရေး နယ်ပယ်မှာ ဆက်ပြီး ဝင်ဆံ့နေတာ ဖြစ်ပါတယ်။

ပန်ဂျိုင်တန်ရဲ့ မှတ်ချက် စကားနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဇော်မင်းထွန်းကို Bloomberg သတင်းဌာနက ဆက်သွယ် မေးမြန်းပေမယ့် ဘာတုံ့ပြန် မှတ်ချက်မှ မပေးခဲ့ပါဘူး။

အင်ဒိုနီးရှားဟာ အခုနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာပြီး အရင် ဥက္ကဋ္ဌတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့ လက်ထက်တုန်းကထက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ထိထိရောက်ရောက် တုံ့ပြန် ဖြေရှင်းဖို့ အားထုတ်နေပါတယ်။ ဒါပေမဲ့လည်း အာဆီယံဟာ စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ဘယ်လို စီမံဖြေရှင်းရမလဲ ဆိုတာကို အဖြေရှာဖို့ ရုန်းကန်နေရဆဲပါ။

ပန်ဂျိုင်တန်က သူ့ကိုယ်ပိုင် အမြင်ကို ထုတ်ပြောခဲ့ပေမယ့်လည်း အင်ဒိုနီးရှား အစိုးရ အနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့ အခါမှာ အာဆီယံရဲ့ ပြည်တွင်းရေး မစွက်ဖက်မှုမူကို အတတ်နိုင်ဆုံး လက်ကိုင်ပြုထားရဦးမှာ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ လာမယ့် တစ်နှစ်၊ နှစ်နှစ်လောက် အတွင်းမှာတော့ ကိုယ့်ပြဿနာ ကိုယ်ရှင်းနိုင်တဲ့ အနေအထားမျိုး ရောက်လာမယ်လို့ မျှော်လင့်ကြောင်းလည်း သူက ဆက်ပြောသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။