Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးတွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ဒေသခံ ၂,၅၀၀ကျော် ထွက်ပြေးတိမ်းရှောင်ရ

ဇန်နဝါရီ ၃ရက်မှ ဇန်နဝါရီ ၁၇ရက်အတွင်း ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ၃၁လုံး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNUက ယနေ့ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၃ရက်မှ ဇန်နဝါရီ ၁၇ရက်အတွင်း ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ၃၁လုံး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ခလယ်တူရယ်၊ ဃဲဒဲကျေးရွာ ၊ ပကော်ခီး၊ ကျို့ကုန်း၊ သရေးစီလော်၊ မတောကူး၊ သေဂေါ်ဒဲ ကျေးရွာနှင့် ရွှေပေါက်ကံ စသည့် ကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟုဆို ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ – KNU)

ထိုသို့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး ဒေသခံပြည်သူလူထု၏ နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ – KNU)

ထို့ပြင် ဒေသတွင်းရှိ ကျေးရွာများမှ ပြည်သူလူထု ၂,၅၆၆ ဦး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

လက်နက်ကြီးပစ်ခတ်ခဲ့သည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှာ KNU ညောင်လေး ပင်ခရိုင်၌ တပ်စွဲထားသည့် ခလရ-၁၂၄၊ ခလရ-၆၀၊ ခမရ-၃၅၁နှင့် ခမရ-၄၃၉ တို့ဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။