Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တိုက်ပွဲ စစ်ကောင်စီတပ် တစ်ဦးသေ၊ ပကဖရဲဘော်တစ်ဦး ကျဆုံး

အင်းတော်မြို့နယ် ကြိမ်ချောင်းရွာနှင့် သစ်ပုံလွင်ရွာကြားတွင် ထီးချိုင့်မြို့မှ အင်းတော်ဘက်သို့ ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF၊ ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အင်းတော်တိုက်ပွဲ စစ်ကောင်စီတပ် တစ်ဦးသေ၊ ပကဖရဲဘော်တစ်ဦး ကျဆုံး
အင်းတော်တိုက်ပွဲ စစ်ကောင်စီတပ် တစ်ဦးသေ၊ ပကဖရဲဘော်တစ်ဦး ကျဆုံး

ထီးချိုင့်မှ ဓားစာခံခေါ်လာသည့် ပြည်သူသုံးဦးကို စစ်ကောင်စီတပ်သတ်ဖြတ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ယမန်နေ့( ဇန်နဝါရီ ၂၀ရက်)က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့ကြောင်း အင်းတော်ပြည်သူ့ကာကွယ် ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။

အင်းတော်မြို့နယ် ကြိမ်ချောင်းရွာနှင့် သစ်ပုံလွင်ရွာကြားတွင် ထီးချိုင့်မြို့မှ အင်းတော်ဘက်သို့ ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF၊ ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အဲဒီဟာက ကိုယ့်ဘက် တစ်ယောက်ကျတယ်။ ခ…( စစ်ကောင်စီတပ်) ဘက်ကလည်း တစ်ယောက်ကျတယ်။ သူတို့က ထီးချိုင့်ကနေ အင်းတော်ထဲ တက်လာတဲ့အခါမှာ လမ်းမှာ ထိတွေ့မှုဖြစ်တာပေါ့။ တိုက်ပွဲကတော့ တအားကြီးတော့ မပြင်းထန်ပါဘူး နာရီဝက်လောက်တော့ ကြာတာပေါ့”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ် လယ်မှီးရွာမှ ဓားစာခံခေါ်လာသည့် ပြည်သူသုံး ဦးကိုလည်း သတ်ဖြတ်သွားကြောင်း၊ သတ်ဖြတ်ခံရသည့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို ဦးသျှစ်ကုန်းရွာ တောထဲ၌ပစ်ထားခဲ့ကြောင်း Indaw Revolutionက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခု လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် တပ်မ(၈၈) လက်အောက်ခံ ခမရ (၃၀၁)နှင့် ခလရ(၄၁၆)မှ ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ တပ်မ (၈၈)လက်အောက်ခံ တပ်မျာ းသည် ယခင်ကလည်း အင်းတော်မြို့နယ်ရှိ ပြည်သူလူထုများကို ဖမ်းဆီးပြီးသတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့သည့် ဖြစ်စဉ်များကို ကျူးလွန်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။