Connect with us

Hi, what are you looking for?

သတင်း

မတူပီနယ်တွင် ယမန်နေ့က နေရာ ငါးခု၌ တိုက်ပွဲဖြစ်

ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် မတူပီ – မင်းတပ် လမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကူလာသည့် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

မတူပီ CDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - မတူပီ CDF
မတူပီ CDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - မတူပီ CDF

▪️စစ်ကောင်စီတပ်မှ ၁၇ဦးသေဟု CDF ထုတ်ပြန်

▪️စစ်ကောင်စီတပ် အထိနာသွား၍ တိုက်ပွဲများ ပိုပြင်းထန်နိုင်ဟု မတူပီ CDFအသိပေး

ချင်းပြည်နယ် မတူပီ – ဟားခါးလမ်းနှင့် မတူပီ – မင်းတပ်လမ်းတို့တွင် ယမန်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၇ဦး သေဆုံးခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် မတူပီ – မင်းတပ် လမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကူလာသည့် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

“မနေ့တုန်းက ၂၁ရက်နေ့မှာ မတူပီ – ဟားခါးလမ်းနဲ့ မတူပီ – မင်းတပ်လမ်းမှာ တိုက်ပွဲ စုစုပေါင်း ၅နေရာ ဖော်ဆောင်နိုင်တာပေါ့။ အကျအဆုံးကတော့ ထုတ်ပြန်ထားသလိုပါပဲ”ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၉ဦးသေဆုံးကာ ဒဏ်ရာရသူများပြားခဲ့ပြီး ရန်သူ့လက်နက် MA-1 တစ်လက် သိမ်းပိုက်နိုင်ခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်သည်။ထို့အပြင် CDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နေ့လည်ပိုင်း၌လည်း မတူပီ – ဟားခါးလမ်း၌ တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးကာ ၅ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

“သူတို့ အကျအဆုံးက နည်းနည်းလေးများတယ်ဆိုတော့ သူတို့ ပြန်ပြီး နယ်မြေရှင်းလင်းရေးတွေ ပြန်ပြီး လုပ်လာနိုင်တဲ့အတွက်ကြောင့် တိုက်ပွဲက နည်းနည်းပြင်းထန်လာနိုင်တဲ့ အခြေအနေ အလားအလာတော့ရှိပါတယ်”ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၅ရက်က မတူပီ – ဟားခါးလမ်း ငလိုင်ရွာအနီးရှိ မတူပီ CDF ရှေ့တန်းကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများဖြစ်ခဲ့သည်။ ထိုသို့ ထိုးစစ်ဆင်လာ၍ မတူပီ CDF ကလည်း ယမန်နေ့တွင် တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် မတူပီ CDFနှင့်အတူ CDF-Mara၊ CDF-Zotungတို့ ပူးပေါင်းပါဝင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။