Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် မုန့်ပို့သူတစ်ဦးကို စစ်ကောင်စီတ​ပ် ဖမ်းဆီးပြီးနှစ်ပတ်ခန့်အကြာ အလောင်းလမ်းဘေးစွန့်ပစ်ထား

ယနေ့ (ဇန်နဝါရီ ၂၃ရက်) နံနက်ပိုင်းက နွားထိုးကြီးမြို့၏ အနောက်ဖက်ဂေါက်ကွင်းအနီးတွင်ညှင်းပမ်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် လူငယ်အမျိုးသားတစ်ဦးအလောင်းတစ်လောင်းလာရောက်စွန့်ပစ်သွားခဲ့သည်။

(စွန့်ပစ်ခံထားရသော လူငယ်အမျိုးသားရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ)
(စွန့်ပစ်ခံထားရသော လူငယ်အမျိုးသားရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လူငယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီးနောက် နှစ်ပတ်ခန့်အကြာတွင် နွားထိုး – မြင်းခြံလမ်းဘေးတစ်နေရာတွင် အလောင်းစွန့်ပစ်သွားကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာက သတင်းထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၂၃ရက်) နံနက်ပိုင်းက နွားထိုးကြီးမြို့၏ အနောက်ဖက်ဂေါက်ကွင်းအနီးတွင်ညှင်းပမ်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် လူငယ်အမျိုးသားတစ်ဦးအလောင်းတစ်လောင်းလာရောက်စွန့်ပစ်သွားခဲ့သည်။

အဆိုပါလူငယ်အမျိုးသားမှာ လွန်ခဲ့သည့် ၂ပတ်ခန့်က နွားထိုးကြီးမြို့နယ်၊ ထန်းခွမြောက်ရွာမှ စစ်​ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသော အသက်(၃၇)နှစ်ရှိ ကိုအောင်ကျော်မြင့်ဆိုသူဖြစ်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာက အသိပေးသည်။

Public Service Announcement
Public Service Announcement

သေဆုံးသူ လူငယ်သည် ဆိုင်ကယ်ဖြင့်မုန့်လည်ပို့၍ မိခင်ကို လုပ်ကျွေးနေသူဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ၎င်းအား တော်လှန်ရေးအဖွဲ့နှင့် အဆက်သွယ်ရှိသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးသွားခြင်းဖြစ်ပြီး အလောင်းအား လာရောက်စွန့်ပစ်သွားခြင်းဖြစ်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ လူထုလှုပ်ရှားမှုကော်မတီ တောင်သာထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် နွားထိုးကြီးမြို့နယ်၊ မင်းရွာတွင် ဒီဇင်ဘာလ ၆ ရက်ကလည်း ဒေသခံ ပြည်သူ ခြောက်ဦး၊ ဇန်နဝါရီ ၃ ရက်တွင် သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်ကာ လမ်းဘေးတွင် စွန့်ပစ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။