Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် စစ်ကောင်စီတပ်နှင့် PDF ပစ်ခတ်မှုဖြစ်

ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်ကလည်း စစ်ကောင်စီ၏ ယာဥ်တန်းနှင့် စစ်ဆေးရေးဂိတ်အား တော်လှန်ရေးအင်အားစုနှစ်ဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။

နွားထိုးကြီးတွင် စစ်ကောင်စီတပ်နှင့် PDF ပစ်ခတ်မှုဖြစ်
နွားထိုးကြီးတွင် စစ်ကောင်စီတပ်နှင့် PDF ပစ်ခတ်မှုဖြစ်

စစ်ကောင်စီတပ် တပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့်ကျည်သိမ်းဆည်းရမိဟု နွားထိုးကြီး PDFပြော

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် နွားထိုးကြီး PDFတို့ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သေနတ်တစ်လက်နှင့်ကျည်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း Natogyi People Defence Force ၏ တာဝန်ခံက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၂ဝ ရက်) နံနက် ၁၁နာရီခွဲခန့်က ဝက်လူးစခန်းမှ ကင်းပတ်ထွက်လာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် လိုက်ပါလာသည့် စစ်ကောင်စီတပ်အား ဒဟတ်တောကျေးရွာအရောက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နွားထိုးကြီး PDF၏ တာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ ထွက်ပြေးသူများကိုလည်း လိုက်လံပစ်ခတ်ခဲ့သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

သေဆုံးသူမှာ မိတ္ထီလာလေတပ်မှ တပ်ကြပ်ကြီးဖြစ်ပြီး MA သေနတ်တစ်လတ်၊ ကျည် ၁၉တောင့်၊ MA3 ဘောက်စ်တစ်ခုနှင့် ကျည်ကာတစ်ထည် သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နွားထိုးကြီးမြို့ဘက်မှ ဝက်လူးရဲစခန်းဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်များအား ပဲချက်ကျေးရွာအနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က ယာဥ်တစ်စီးမှာ သေဆုံးသွားသည့် တပ်ကြပ်ကြီးအလောင်းကိုလာကောက်ပြီး ပြန်ထွက်သွားခဲ့ကြောင်း၊ ထို့နောက် အဆိုပါယာဥ်အား နွားထိုးမြို့၏ အရှေ့ဘက်ရှိ ထန်းစင်ကျေးရွာအရှေ့ဘက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDF တာဝန်ခံက ပြောသည်။

“၁၁ နာရီခွဲက တိုက်ပွဲစဖြစ်တယ်။ ၁၅ မိနစ်လောက်ပဲကြာတယ်။တစ်နာရီဝန်းကျင်လောက်ကျတော့ စစ်ကူလာတဲ့ကားကိုမိုင်းထပ်ဆွဲ ညနေ ၄ နာရီလောက်မှာ စစ်ကူလာပြီးအပြန် မိုင်းထပ်ဆွဲတယ်။တိုက်ပွဲတစ်​ကြိမ်၊ မိုင်းဆွဲတာကနှစ်ကြိမ်။ အသေအဆုံးတွေလည်းများနိုင်သလို ထိခိုက်သေဆုံးတာတွေများတယ်လို့မျက်မြင်ပြည်သူတွေပြောတယ်။”ဟု အထက်ပါ တာဝန်ခံက ပြောသည်။

နွားထိုးကြီးမြို့နယ်တွင် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းကလည်း နွားစျေးသို့ လိုင်းကြေးလာကောက်သည့် ရဲနှစ်ဦးအား နွားထိုးကြီး PDFက ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့သည်။

ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်ကလည်း စစ်ကောင်စီ၏ ယာဥ်တန်းနှင့် စစ်ဆေးရေးဂိတ်အား တော်လှန်ရေးအင်အားစုနှစ်ဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့