Connect with us

Hi, what are you looking for?

သတင်း

ကသာ၊ တိုက်ကုန်းရွာအနီးတိုက်ပွဲ အရာရှိအပါအဝင်စစ်​ကောင်စီတပ် ၅၀ဦးထက်မနည်း​သေ

ဇန်နဝါရီ ၁၇ ရက်နေ့တနေ့ကုန်နှင့်ဇန်နဝါရီ ၁၈ရက်နံနက်အထိ တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူများပြားခဲ့ ပြီး​နောက် ဇန်နဝါရီ ၁၈ရက်ညနေတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)
(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)

ကသာမြို့နယ် တိုက်ကုန်းကျေးရွာအနီး ငါးရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိအချို့အပါအဝင် ၅၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ပြောကြားသည်။

“တိုက်ကုန်းရွာနားမှာ စစ်ကောင်စီစစ်ကြောင်းကိုပိတ်ဆို့ပြီး တိုက်ခဲ့ကြတာ။ စစ်တပ်ဘက်က ၅၀ဦးမကဘူး သေပါတယ်။ သူတို့ မြေပြင်မှာ အရမ်းကျပြီး နောက်ပိုင်း လေကြောင်းကနေ အပြင်းအထန် ပစ်နေလို့ ကျွန်တော်တို့ ဆုတ်ခဲ့ပါတယ်”ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတပ်ဖွဲ့ဝင်တစ်ဦးက ဇန်နဝါရီ ၂၃ ရက်တွင်ပြောသည်။ ​​စစ်​ကောင်စီတပ်သေဆုံးသူများတွင် အရာရှိများလည်းပါဝင်​ကြောင်းသိရသည်။

ကသာမြို့နယ်၊ မိုးတားကျေးရွာအုပ်စု၊ တိုက်ကုန်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့်စစ်ကောင်စီတပ် ၏ ​ခြေလျှင်တပ်ရင်း(ခလရ) ၇၇ တပ်ရင်းတို့ သည် ဇန်နဝါရီ ၁၇ရက်မှစ၍ တိုက်ပွဲဖြစ်ခဲ့သည်။တပ်ရင်းမှူးစံ​ရွှေဦး​ဆောင်​သောခလရ (၇၇)ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ၊ABSDF ၊ မြို့လှ K-PDF တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း မြို့လှPDFကထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)
(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)

ဇန်နဝါရီ ၁၇ ရက်နေ့တနေ့ကုန်နှင့်ဇန်နဝါရီ ၁၈ရက်နံနက်အထိ တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူများပြားခဲ့ ပြီး​နောက် ဇန်နဝါရီ ၁၈ရက်ညနေတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

“၁၈ရက်နေ့က ဗုံးကြဲသွားတာက ပြည်သူတွေရှိတဲ့နေရာ။ အဲ့ဒီနေ့နောက်ပိုင်းလည်း နေ့တိုင်းဗုံးကြဲတယ်။ကျွန်တော်တို့ ၂၁ရက်ကစပြီး ဆုတ်ခွာပေးလိုက်ပြီ။မနေ့က(ဇန်နဝါရီ ၂၂)စပြီး တိုက်ကုန်းရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ပြီး မီးရှို့နေတယ်”ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

“တိုက်ပွဲရက်မှာအရပ်သားတွေကိုလူသားတံတိုင်းလိုလုပ်ဖမ်းထားတာ။ ပြန်ထွက်ပြေးလာနိူင်တဲ့အရပ်သားတွေကပြောတယ်။ စစ်ခွေးတပ်ဘက်မှာ သေတာအများကြီးပဲတဲ့။ အရာရှိတွေလည်းပါတယ်လို့ ကျွန်တော်တို့ အတိအကျသတင်းပြန်ရတယ်”ဟုကိုယ်တိုင်ပါဝင် တိုက်ခိုက်ခဲ့​သော ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)
(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)

တိုက်ပွဲဖြစ်ပွားခဲ့သော တိုက်ကုန်းကျေးရွာတွင် အိမ်ခြေ ၂၀၀ခန့်ရှိပြီး စစ်ကောင်စီတပ်ကယနေ့(ဇန်နဝါရီ ၂၃ရက်)နံနက်အထိ မီးရှို့နေဆဲဖြစ်သည်။

“ကျွန်တော်တို့ ရွာကနေ ထွက်ပြေးခဲ့ကြတယ်။တောထဲမှာ ဖြစ်သလိုနေနေကြတယ်။ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်” ဟုတိုက်ကုန်းရွာမှပြည်သူတစ်ဦးကပြောသည်။

စစ်​ကောင်စီတပ်သည် ​​သေဆုံးထိခိုက်မှုများ​ပြီး​နောက်တိုက်ကုန်းရွာအနီးရှိ မိုးတားကျေးရွာကို ဇန်နဝါရီလ ၁၈ ရက်ညနေကတိုက်​လေးယာဥ်များဖြင့်ဗုံးကျဲသဖြင့် အလှူအတွက်ပြင်ဆင်​နေ​သော ရွာရှိ ပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။