Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံ ၂ ထပ်အိမ်မီးလောင်မှု လူ ၄ ဦးသေဆုံး

ဓာတ်ပုံမှတ်တမ်းတွေအရ မီးကြီးပြီး မီးငြိမ်းပြီးနောက် မီးလောင်ပြင်ထဲမှာ မီးလောင်ကျွမ်းနေတဲ့ရုပ်အလောင်းတွေကို တွေ့ရပါတယ်။

ဓာတ်ပုံ − မီးသတ်
ဓာတ်ပုံ − မီးသတ်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၃၃ ရပ်ကွက်မှာ ဒီနေ့မနက်အစောပိုင်း မီးလောင်မှုဖြစ်ပွားရာ အိမ်ရှင် သက်ကြီးရွယ်အို အပါအဝင် လူ ၄ ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်ခဲ့တဲ့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။

မြောက်ဒဂုံမြို့နယ် ၊ ၃၃ ရပ်ကွက် ၊ စိန်ပန်းမြိုင်လမ်းမှာရှိတဲ့ ၂ ထပ်အိမ် ဟာ ဒီနေ့မနက်ပိုင်း ၂ နာရီမခွဲခင်က စတင်ပြီး နာရီဝက်နီးပါး လောင်ကျွမ်းခဲ့တာလို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဓာတ်ပုံ − မီးသတ်
ဓာတ်ပုံ − မီးသတ်

ဓာတ်ပုံမှတ်တမ်းတွေအရ မီးကြီးပြီး မီးငြိမ်းပြီးနောက် မီးလောင်ပြင်ထဲမှာ မီးလောင်ကျွမ်းနေတဲ့ရုပ်အလောင်းတွေကို တွေ့ရပါတယ်။

သေဆုံးသူတွေဟာ အိမ်ရှင်ဖြစ်သူ အသက် ၉၀ နှစ်အရွယ် သက်ကြီးရွယ်အို အဘွားအို ၊ အဲဒီအဘွားကို ပြုစုနေတဲ့ အသက် ၁၈ နှစ်နဲ့ အသက် ၃၀ နှစ်အရွယ် သူနာပြုအမျိုးသမီး ၂ ဦးနဲ့ အိမ်ရှင်အဘွားအိုရဲ့အသက် ၅၀ နှစ်အရွယ်သားဖြစ်သူတို့ ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီမီးလောင်မှုမှာ ဘေးအိမ်တွေကို ကူးစက်လောင်ကျွမ်းခဲ့တာမရှိပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။