Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ဒဂုံမြို့နယ် (၃၀)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ် ပစ်ခတ်စီးနင်းမှုလုပ်၊ ဖမ်းဆီးခံရသူအချို့ရှိဟုဆို

စစ်ကောင်စီတပ်မှ ယာဥ်များသည် ယနေ့ညနေ ၆ နာရီခန့်တွင် မြသီရိ (၁)လမ်းမှ ပြန်ထွက်သွားပြီး ကင်းပုန်းအချို့ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ဒဂုံမြို့နယ် (၃၀)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ် ပစ်ခတ်စီးနင်းမှုလုပ်၊ ဖမ်းဆီးခံရသူအချို့ရှိဟုဆို
မြောက်ဒဂုံမြို့နယ် (၃၀)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ် ပစ်ခတ်စီးနင်းမှုလုပ်၊ ဖမ်းဆီးခံရသူအချို့ရှိဟုဆို

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၃၀)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူ အချို့ရှိကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

ယနေ့(ဇူလိုင် ၂၄ ရက်)ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်သည် မော်တော်ယာဥ်လေးစီးခန့်ဖြင့် ရပ်ကွက်ကို ပိတ်ဆို့၍ အောင်သီရိ (၆)လမ်းနှင့် မြသီရိ (၁) လမ်းထောင့်ရှိနေအိမ်ကို ပစ်ခတ် ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

“သတင်းအတိအကျနဲ့ကိုလာပြီး ပစ်တာမှ အတွဲလိုက်ကို ပစ်တာ။ အခုလည်း ဝင်စီးခံရတဲ့ နေရာနဲ့နီးတဲ့ မန္တလေးစျေးကို အချိန်အစောကြီးပိတ်ချလိုက်တယ်” ဟု (၃၀)ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

ယနေ့ညနေ ၃နာရီကျော်ခန့်တွင် စီးနင်းခဲ့ခြင်းဖြစ်ပြီး သေနတ်များဖြင့် အချက်ပေါင်း ၃၀ကျော်ခန့်ပစ်ခတ်ခဲ့ကြောင်း ပစ်ခတ်မှုဖြစ်ပွားသည့် ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီအိမ်ရှေ့မှာ ကားတွေရပ်ထားတယ်။ အခန်းထဲက ထွက်မရလို့ သေချာမမြင်ရဘူး။ ၃ နာရီကျော်ထဲက ပစ်တာ ဆက်တိုက်ပဲ”ဟု ၎င်းက ပြောသည်။

“တစ်ယောက်က သေသွားတယ်ပြောတယ်။ အဲဒီဘေးအိမ်က ကောင်လေး တစ်ယောက်လည်း ထိသွားတယ်ကြားတယ်။ အထဲမှာ နှစ်ယောက်ပဲကျန်လို့ ပိတ်ပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါ ပစ်ခတ်ဖမ်းဆီးခံရသည့်ဖြစ်စဥ်မှ လူငယ်များသည် မည်သူတို့ ဖြစ်သည်ဆိုခြင်းကို မသိရသေးသလို စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးမှု ကိုလည်း တိတိကျကျ မသိရသေးပေ။

စစ်ကောင်စီတပ်မှ ယာဥ်များသည် ယနေ့ညနေ ၆ နာရီခန့်တွင် မြသီရိ (၁)လမ်းမှ ပြန်ထွက်သွားပြီး ကင်းပုန်းအချို့ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အရှေ့ဒဂုံနှင့် မြောက်ဒဂုံသတင်း တယ်လီဂရမ်၌ ပစ်ခတ်မှုတွင် ဖမ်းဆီးခံရသူ အချို့ရှိပြီး လူနာတင်ယာဥ်များဖြင့်ပါ ခေါ်ဆောင်သွားရကြောင်းလည်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝါဒဖြန့်တစ်ခုဖြစ်သည့် News Of Myamar ကမူ ဝင်ရောက် စစ်ဆေးစဥ် အိမ်အတွင်းမှ သေနတ်ဖြင့်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိ ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။