Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံမြို့နယ် (၃၀)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ် ပစ်ခတ်စီးနင်းမှုလုပ်၊ ဖမ်းဆီးခံရသူအချို့ရှိဟုဆို

စစ်ကောင်စီတပ်မှ ယာဥ်များသည် ယနေ့ညနေ ၆ နာရီခန့်တွင် မြသီရိ (၁)လမ်းမှ ပြန်ထွက်သွားပြီး ကင်းပုန်းအချို့ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ဒဂုံမြို့နယ် (၃၀)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ် ပစ်ခတ်စီးနင်းမှုလုပ်၊ ဖမ်းဆီးခံရသူအချို့ရှိဟုဆို
မြောက်ဒဂုံမြို့နယ် (၃၀)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ် ပစ်ခတ်စီးနင်းမှုလုပ်၊ ဖမ်းဆီးခံရသူအချို့ရှိဟုဆို

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၃၀)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူ အချို့ရှိကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

ယနေ့(ဇူလိုင် ၂၄ ရက်)ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်သည် မော်တော်ယာဥ်လေးစီးခန့်ဖြင့် ရပ်ကွက်ကို ပိတ်ဆို့၍ အောင်သီရိ (၆)လမ်းနှင့် မြသီရိ (၁) လမ်းထောင့်ရှိနေအိမ်ကို ပစ်ခတ် ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

“သတင်းအတိအကျနဲ့ကိုလာပြီး ပစ်တာမှ အတွဲလိုက်ကို ပစ်တာ။ အခုလည်း ဝင်စီးခံရတဲ့ နေရာနဲ့နီးတဲ့ မန္တလေးစျေးကို အချိန်အစောကြီးပိတ်ချလိုက်တယ်” ဟု (၃၀)ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

ယနေ့ညနေ ၃နာရီကျော်ခန့်တွင် စီးနင်းခဲ့ခြင်းဖြစ်ပြီး သေနတ်များဖြင့် အချက်ပေါင်း ၃၀ကျော်ခန့်ပစ်ခတ်ခဲ့ကြောင်း ပစ်ခတ်မှုဖြစ်ပွားသည့် ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီအိမ်ရှေ့မှာ ကားတွေရပ်ထားတယ်။ အခန်းထဲက ထွက်မရလို့ သေချာမမြင်ရဘူး။ ၃ နာရီကျော်ထဲက ပစ်တာ ဆက်တိုက်ပဲ”ဟု ၎င်းက ပြောသည်။

“တစ်ယောက်က သေသွားတယ်ပြောတယ်။ အဲဒီဘေးအိမ်က ကောင်လေး တစ်ယောက်လည်း ထိသွားတယ်ကြားတယ်။ အထဲမှာ နှစ်ယောက်ပဲကျန်လို့ ပိတ်ပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါ ပစ်ခတ်ဖမ်းဆီးခံရသည့်ဖြစ်စဥ်မှ လူငယ်များသည် မည်သူတို့ ဖြစ်သည်ဆိုခြင်းကို မသိရသေးသလို စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးမှု ကိုလည်း တိတိကျကျ မသိရသေးပေ။

စစ်ကောင်စီတပ်မှ ယာဥ်များသည် ယနေ့ညနေ ၆ နာရီခန့်တွင် မြသီရိ (၁)လမ်းမှ ပြန်ထွက်သွားပြီး ကင်းပုန်းအချို့ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အရှေ့ဒဂုံနှင့် မြောက်ဒဂုံသတင်း တယ်လီဂရမ်၌ ပစ်ခတ်မှုတွင် ဖမ်းဆီးခံရသူ အချို့ရှိပြီး လူနာတင်ယာဥ်များဖြင့်ပါ ခေါ်ဆောင်သွားရကြောင်းလည်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝါဒဖြန့်တစ်ခုဖြစ်သည့် News Of Myamar ကမူ ဝင်ရောက် စစ်ဆေးစဥ် အိမ်အတွင်းမှ သေနတ်ဖြင့်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိ ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။