Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယ၏ ဒီမိုကရေစီမီးရှုးတန်ဆောင် မြန်မာပြည်သူများအပေါ်တွင်လည်း ထွန်းလင်းနိုင်ပါစေဟု NUG သဝဏ်လွှာပို့

အိန္ဒိယ၏ ဒီမိုကရေစီမီးရှုးတန်ဆောင်သည် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများအပေါ်တွင်လည်း ထွန်းလင်းနိုင်ပါစေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုမွန်ကောင်းတောင်း သည်။

(ယနေ့ကျရောက်သည့် အိန္ဒိယနိုင်ငံ၏ (၇၄) နှစ်‌မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနား ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၌ ပြုလုပ်နေစဉ်၊ ဓာတ်ပုံ - အိန္ဒိယသံရုံး)
(ယနေ့ကျရောက်သည့် အိန္ဒိယနိုင်ငံ၏ (၇၄) နှစ်‌မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနား ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၌ ပြုလုပ်နေစဉ်၊ ဓာတ်ပုံ - အိန္ဒိယသံရုံး)

အိန္ဒိယ၏ ဒီမိုကရေစီမီးရှုးတန်ဆောင်သည် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများအပေါ်တွင်လည်း ထွန်းလင်းနိုင်ပါစေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုမွန်ကောင်းတောင်း သည်။

ယနေ့ကျရောက်သည့် အိန္ဒိယနိုင်ငံ၏ (၇၄) နှစ်‌မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သဝဏ်လွှာ ပေးပို့ခဲ့ရာ ‘အိန္ဒိယပြည်သူအများ ငြိမ်းချမ်းသာယာရှိပါစေ၊ အိန္ဒိယသမ္မတနိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ’ ဟုလည်း ဖော်ပြသည်။

ဝန်ကြီးဒေါ်ဇင်မာအောင်က ယခုမြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ရုန်းကန် တိုက်ပွဲဝင်နေမှုကို အိန္ဒိယနိုင်ငံမှ နားလည် သဘောပေါက်လိမ့်မည်ဟု မျှော်လင့်မိကြောင်းနှင့် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများအနေနှင့် အိန္ဒိယနိုင်ငံ၏ ဒေသတွင်း အရေးပါမှုကို နားလည်သဘောပေါက်ထားကြောင်း ထည့်သွင်း ရေးသားသည်။

NUGနှင့် မြန်မာပြည်သူများ မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်သည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ဖြန့်ကျက်စေနိုင်ပြီး အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွား၊ စီးပွားရေးစီမံကိန်းများကို ပိုမို၍ အကျိုးဖြစ်ထွန်းစေမည်သာ ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အနာဂတ်နိုင်ငံတော်သစ်တွင် အိန္ဒိယနိုင်ငံနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိုသာ NUG က မျှော်မှန်းထားကြောင်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။