Connect with us

Hi, what are you looking for?

သတင်း

NUG စာသင်ကျောင်းသို့ ကျောင်းသုံးစာအုပ်များ လှူသည်ဟုဆိုကာ အင်းတော်ဒေသခံကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကောင်စီတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းပြီး စာရေးကိရိယာပစ္စည်းအစုံအား သိမ်းဆည်းသွားသည်ဟု Indaw Revolutionက ဖော်ပြသည်။

NUG စာသင်ကျောင်းသို့ ကျောင်းသုံးစာအုပ်များ လှူသည်ဟုဆိုကာ အင်းတော်ဒေသခံကို စစ်ကောင်စီ ဖမ်းဆီး
NUG စာသင်ကျောင်းသို့ ကျောင်းသုံးစာအုပ်များ လှူသည်ဟုဆိုကာ အင်းတော်ဒေသခံကို စစ်ကောင်စီ ဖမ်းဆီး

▪️တစ်ပတ်အတွင်း ပြည်သူသုံးဦး ဖမ်းဆီးခံရဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စာသင် ကျောင်းများသို့ ဗလာစာအုပ်များနှင့် စာရွက်စာတမ်းများ ပစ္စည်းများ လှူဒါန်းနေသည်ဟုဆိုကာ စာရေးကိရိယာဆိုင်ပိုင်ရှင်တစ်ဦးအား စစ်ကောင်စီက ဖမ်းသွားကြောင်း အင်းတော်ဒေသခံက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကသာခရိုင်၊အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်ရှိ သားချော စာရေးကိရိယာဆိုင် ပိုင်ရှင် ဦးချစ်ကိုကို(ခ) ဦးဖိုးစီအား ဇန်နဝါရီ ၂၃ရက်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းပြီး စာရေးကိရိယာပစ္စည်းအစုံအား သိမ်းဆည်းသွားသည်ဟု Indaw Revolutionက ဖော်ပြသည်။

“အခုတစ်ပတ်အတွင်းမှာ သုံးယောက်ဖမ်းခံရတာပေါ့။တစ်ယောက်ကကျတော့ NUG ကို စာအုပ်တွေလှူတယ် စာရေးကိရိယာ ပစ္စည်းတွေလှူတယ်ဆိုပြီးတော့ပေါ့။နောက်ထပ် လင်မယားနှစ်ယောက်ကျတော့ PDFနဲ့ အဆက်အစပ်ရှိတယ်ဆိုပြီး ဖမ်းတာပေါ့”ဟု အင်းတော်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၄ရက်က အင်းတော်နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ဒေါ်သစ်ဆုံ စားသောက်ဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးမြဝင်း(ခ)ကံထူးအောင်နှင့် ဇနီးဖြစ်သူ စန်းစန်းကြည်(ခ)ဒေါ်သစ်ဆုံတို့အား PDFနှင့် ဆက်နွယ်နေသည်ဟုစွတ်စွဲပြောဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Indaw Revolutionက ဖော်ပြသည်။

အဆိုပါ ပြည်သူသုံးဦးကို အင်းတော်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း စစ်ကောင်စီ ဝါဒဖြန် Fifty Two News Telegram Channelတွင် ဖော်ပြထားသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။