Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ​၏ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်သက်ဆိုးရှည်စေရန်ကြိုးပမ်းသော အတုအယောင် ဆောင်ရွက်မှုဟု KNDF ပြော

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း မဲမသမာမှုရှိသည်ဟုစွပ်စွဲကာ ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာမှုမရှိဘဲ နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့ခြင်းဟု KNDF က သတ်မှတ်သည်။

စစ်ကောင်စီ​၏ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်သက်ဆိုးရှည်စေရန်ကြိုးပမ်းသော အတုအယောင် ဆောင်ရွက်မှုဟု KNDF ပြော
စစ်ကောင်စီ​၏ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်သက်ဆိုးရှည်စေရန်ကြိုးပမ်းသော အတုအယောင် ဆောင်ရွက်မှုဟု KNDF ပြော

▪️ရွေးကောက်ပွဲဖြစ်မြောက်စေရန် ပါဝင်သူများအား အရေးယူမည်ဟု သတိပေး

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမှာ စစ်အာဏာရှင်သက်ဆိုးရှည်စေရန် ကြိုးပမ်းသော အတုအယောင်ဆောင်ရွက်မှုတစ်ခုသာဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ အသိပေးထုတ်ပြန်သည်။

လူထုဆန္ဒမပါဝင်သော တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ကရင်နီပြည်နယ်အတွင်း ပြုလုပ်ခွင့်ပြုမည်မဟုတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဥ် များကို တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်တိုက်ဖျက်မည်ဟုလည်း သတိပေးသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ကရင်နီတော်လှန်ရေး အင်အားစုများဖြစ်သော ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေး DMO PDF နှင့် KNDFတို့ ပူးတွဲ ကြေညာသည်။

“အကြမ်းဖက်စစ်တပ်က သူ့စိတ်ကြိုက်လိုသလို ပြင်ဆင်ထားတဲ့ လမ်းစဥ်တစ်ခုက ဘယ်လိုမှ တရား ဖို့မဖြစ်နိုင်သလို ကျွန်တော်တို့ အနေနဲလည်း လုံးဝ ကန့်ကွက်တယ်။ပြီးတော့ ဒီတရားမဝင်ရွေးကောက်ပွဲ နဲ့ ပတ်သက်လာတဲ့ လုပ်ငန်းစဥ်မှန်သမျှ ကျွန်တော်တို့ အရေးယူဖို့ ဆုံးဖြတ်ထားတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ကောင်စီမှ ရွေးကောက်ပွဲ ပြင်ဆင် ရေးအတွက် တစ်အိမ်တက်၊ တစ်အိမ်ဆင်း လူဦးရေစာရင်းများကောက်ခံခြင်း၊ကြိုတင်မဲများ ကောက်ယူခြင်း၊စည်းရုံးဟောပြောခြင်း၊တာဝန်ပေး အပ်ခြင်း အစရှိသည့်လုပ်ဆောင်မှုများကို ငြင်းဆန်၍ မပူးပေါင်းရန် ဖော်ပြထားသည်။

အလားတူ တစ်သီးပုဂ္ဂလသော်လည်းကောင်း၊အစုအဖွဲ့ဖြင့်သော်လည်းကောင်း နိုင်ငံရေးပါတီဖွဲ့စည်း၍ ဝင်ရောက်ယှဥ်ပြိုင်ခြင်းလုံးဝ မပြုလုပ်ရန်၊ ကရင်နီပြည်နယ်တစ်ဝှမ်းလုံးတွင် ရွေးကောက်ပွဲနှင့်ဆိုင်သော လုပ်ငန်းစဥ်မှန်သမျှ ပိတ်ပင် ကာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အသိပေးသည်။

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ဆောင်ရွက်မှုများတွေ့ရှိပါက တော်လှန်ရေးအင်အားစုများက ကျင့်ဝတ်နည်းနာ များ နှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု KNDFက ထပ်မံ အသိပေးသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း မဲမသမာမှုရှိသည်ဟုစွပ်စွဲကာ ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာမှုမရှိဘဲ နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့ခြင်းဟု KNDF က သတ်မှတ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။