Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု ပြည်သူတစ်ဦး နှင့်ပအဖတစ်ဦးထိခိုက်ဒဏ်ရာရ

ယမန်နေ့(ဇန်နဝါရီ ၂၇)ရက် နေ့လယ် ၃ နာရီခွဲခန့်က ကန့်ဘလူမြို့နယ်တွင် ခရီးတစ်ထောက်နားပြီး ဆက်ထွက်လာသော စစ်ဘက်သုံးရဟတ်ယာဥ် Mi 35 နှစ်စီးနှင့် Mi 17 နှစ်စီးဖြင့် လာရောက်၍ ကောလင်းမြို့နယ် ကျောက်ပျဥ်သာတိုက်နယ်မှ ကုက္ကိုကုန်းရွာအား လေးကြောင်းမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကောလင်း(ပ.က.ဖ)မှ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်(ပုံဟောင်းအား အသုံးပြုထားပါသည်)
ကောလင်း(ပ.က.ဖ)မှ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်(ပုံဟောင်းအား အသုံးပြုထားပါသည်)

▪️ဒေသခံ​သောင်းချီထွက်ပြေးနေရပြီး ခရီးသည် ၂၀၀ခန့်ကားလမ်းတွင်ပိတ်မိနေ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုကြောင်း ပြည်သူတစ်ဦးနှင့် မြို့နယ်ပြည်သူအုပ်ချုပ်ရေး (ပအဖ)အဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Kawlin Revolution – KR က ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၇)ရက် နေ့လယ် ၃ နာရီခွဲခန့်က ကန့်ဘလူမြို့နယ်တွင် ခရီးတစ်ထောက်နားပြီး ဆက်ထွက်လာသော စစ်ဘက်သုံးရဟတ်ယာဥ် Mi 35 နှစ်စီးနှင့် Mi 17 နှစ်စီးဖြင့် လာရောက်၍ ကောလင်းမြို့နယ် ကျောက်ပျဥ်သာတိုက်နယ်မှ ကုက္ကိုကုန်းရွာအား လေးကြောင်းမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်သုံးရဟတ်ယာဥ်လေးစီးတွင် Mi 35 နှစ်စီးဖြင့် ပစ်ခတ်၍ ကျန် Mi 17 ရဟတ်ယာဥ်နှစ်စီးက စစ်ကောင်စီတပ်သား ၆၀ခန့်အားတင် ဆောင်လာကာ ကုက္ကိုကုန်းရွာ၌ချပေးပြီး ပစ်ခတ်စီးနင်းမှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း KR Team က ရှင်းပြသည်။

Public Service Announcement
Public Service Announcement

ယင်းအပြင် ကိုးတောင်ဘို့တိုက်နယ်ဘက်မှ ထွက်လာသော အင်အား ၅၅ဦးခန့်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းမှာ ကောလင်းနယ် တောင်ဘို့လှကျေးရွာဘက်ရောက်ရှိလာရာ မြို့နယ်တစ်ခုလုံးကို စစ်ကြောင်းနှစ်ခုခွဲထိုးနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကျောက်ပြင်သာတိုက်နယ်မှ ကုက္ကိုကုန်းရွာ၊ တောင်ဘို့လှရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၃၅,၀၀၀ ခန့်မှာ ဘေးလွတ်ရာပြေးနေရပြီး ၎င်းတို့၏စားဝတ်နေရေးအား မြို့နယ် ပ.အ.ဖ လူသာစာနာဌာနမှ ကူညီစောင့်ရှောက်ထားရသည်ဟု KR Team က ရှင်းပြသည်။

အလားတူ စစ်ကောင်စီတပ်က ကုက္ကိုကုန်းရွာ၌ အထိုင်ချ၍ ကောလင်း-ရွှေဘိုလမ်းပိုင်းအား ပိတ်ဆို့ထားသဖြင့် ခရီးသွားယာဥ်များနှင့် ပြည်သူ (၂၀၀)ဝန်းကျင်ခန့် ပိတ်မိနေပြီး ၎င်းတို့စားသောက်ရေးကို မြို့နယ် (ပ.အ.ဖ)ကစီစဥ်ပေးနေကြောင်း KR Team က ဆက်ပြောသည်။

“ကျောက်တန်းလမ်းဆုံမှာ ပိတ်မိနေတာပါဗျ။ အောက်ဘက် ကိုဆင်းမယ့်ပြည်သူတွေပါ။ အဓိကအများစုက တော့ မန္တလေးဆင်းမယ့် ကားတွေပါဗျ”ဟု KR Team က ဆိုသည်။

လက်ရှိတွင် လေကြောင်းမှ ပစ်ခတ်ခံရသော ကျေးရွာအတွင်း စစ်ကောင်စီတပ်များအထိုင်ချထားသောကြောင့် နေအိမ်နှင့် ပြည်သူထိခိုက်မှုအခြေအနေအား အသေးစိပ်မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။