Connect with us

Hi, what are you looking for?

သတင်း

စစ်ကာင်စီ၏​ကောလင်းမြို့နယ်တွဲဖက်တရားသူကြီးပါဆယ်ဗုံး​ပေါက်၍​သေဆုံး

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခု​နောက်ပိုင်းတွင် စစ်​ကောင်စီလက်​အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။

စစ်ကာင်စီ၏​ကောလင်းမြို့နယ်တွဲဖက်တရားသူကြီးပါဆယ်ဗုံး​ပေါက်၍​သေဆုံး
စစ်ကာင်စီ၏​ကောလင်းမြို့နယ်တွဲဖက်တရားသူကြီးပါဆယ်ဗုံး​ပေါက်၍​သေဆုံး

▪︎ဒုတိယ​မြောက်တရားသူကြီး အသတ်ခံရခြင်းဖြစ်

စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်း​ဆောင်​နေ​သောကောလင်းမြို့နယ် တွဲဖက်မြို့နယ်တရားသူကြီး ဦးဘရန်ဆိုင်းသည် တရားရုံးတွင်ယ​နေ့ ပါဆယ်ဗုံး​ပေါက်၍ ​သေဆုံးသွားသည်။

” မြို့နယ်တရားသူကြီးက အသတ်ခံရမှာကြောက်လို့ခွင့်ယူထားတာ။ အဲ့ဒါနဲ့ ဦးဘရန်ဆိုင်းက ရုံးသွားထိုင်တာ။ မနက်က ဗုံးကွဲပြီး သေဆုံးသွားတယ်” ဟု ကောလင်းမြို့မှ တရားရေးဝန်ထမ်းတစ်ဦးက People’s Spring သို့ပြောသည်။ သို့​​သော် မည်သည့်အဖွဲ့က ပါဆယ်ဗုံးဖြင့် ​ဖောက်ခွဲတိုက်ခိုက်​ကြောင်းကိုမူ မသိရ​သေး​ပေ ။

စစ်ကောင်စီလက်အောက်မှတရားသူကြီးများ နောက်ကျောလုံလုံနေနိုင်တော့မည် မဟုတ်​ကြောင်းသာဓကပင်ဖြစ်ကြောင်း အခြား CDMတရားရေးဝန်ထမ်းတစ်ဦးကလည်းပြောသည်။

ဦးဘရန်ဆိုင်းသည် စစ်​ကောင်စီလက်​​အောက်ခံတရားသူကြီးများတွင် ဒုတိယမြောက် သုတ်သင်ရှင်းလင်းခံရသည့်တရားသူကြီးဖြစ်သည်။အောက်တိုဘာ ၅ရက်က မူဆယ်မြို့ နယ် တရားသူကြီး ရာဇာမင်းစိုး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ထို့အပြင် စစ်​ကောင်စီဖွဲ့စည်းခဲ့သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်ဦးစန်းလွင်သည် အောက်တိုဘာ ၁၂ရက်က ရုတ်တရက်အသက်ရှုကျပ်ပြီး နှလုံးရပ်ကာသေဆုံးသွားခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော တရားသူကြီးများသည် ပစ်မှတ်ထားသုတ်သင်ရှင်းလင်းခံရမည်ကိုကြောက်လန့်၍ နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်ရုံး၌ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ရရေး ကြိုးစားနေကြသည်ဟု တရားရေးအသိုင်းအဝိုင်းမှ သတင်းရရှိသည်။

မြို့နယ်၊ခရိုင်၊တိုင်းနှင့်ပြည်နယ်အဆင့်တရားရုံးများမှတရားသူကြီးအချို့သည် လုပ်ကြံခံရမည်စိုးကာ နေပြည်တော်သို့ပြောင်းရွှေ့ခွင့်ရရေးကြိုးစားနေကြခြင်းဖြစ်​ကြောင်း တရားသူကြီးတစ်ဦးကပြောသည်။နေပြည်တော်တွင် သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်အလိုက် တရားရုံးများရှိပြီး ဗဟိုတရားရုံးချုပ်ဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးလည်း ရှိသည်။ မြို့နယ်၊ခရိုင်၊ တိုင်းနှင့်ပြည်နယ်အဆင့် တရားရုံးများသည် နေ့စဥ် အမှုများစစ်ဆေး အမိန့်ချနေရသလို လုံခြုံရေးလည်း စိတ်မချရဟု တရားသူကြီးအချို့က ဆိုသည်။ ထို့ကြောင့်တရားသူကြီးအချို့သည်နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရေး ကြိုးစားနေကြသည်ဟု သိရသည်။

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခု​နောက်ပိုင်းတွင် စစ်​ကောင်စီလက်​အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၀ရက်တွင် အင်းစိန်တရားရုံးသို့လာရောက်သည့် လှည်းကူးမြို့နယ် တရားသူကြီးနှင့် ဒုမြို့နယ်ဥပဒေ အရာရှိသည် ရန်ကုန်မြို့ထဲ၌ သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရသည်။ နှစ်ဦးစလုံးဒဏ်ရာရသွားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။