Connect with us

Hi, what are you looking for?

သတင်း

NUG ပြည်ထဲရေးနှင့် တိုင်း ၅တိုင်းမှ(ပအဖ)များ တွေ့ဆုံ၊ တော်လှန်ရေး၌ ပူးပေါင်းချိတ်ဆက်ဆောင် ရွက်ရန် ဆွေးနွေး

ယနေ့ (ဇန်နဝါရီ ၃၀ရက်) နံနက်က ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အမှာစကား ပြောကြားရာ တော်လှန်ရေးကာလ (၂) နှစ်ပြည့်ပြီဖြစ်၍ အကြမ်းဖက်စစ်ကောင်စီကို အပြတ်တိုက်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

NUG ပြည်ထဲရေးနှင့် တိုင်း ၅တိုင်းမှ(ပအဖ)များ တွေ့ဆုံ
NUG ပြည်ထဲရေးနှင့် တိုင်း ၅တိုင်းမှ(ပအဖ)များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ယနေတွေ့ဆုံ၍ တော်လှန်ရေး၌ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၃၀ရက်) နံနက်က ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အမှာစကား ပြောကြားရာ တော်လှန်ရေးကာလ (၂) နှစ်ပြည့်ပြီဖြစ်၍ အကြမ်းဖက်စစ်ကောင်စီကို အပြတ်တိုက်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင် နယ်မြေတစ်ခုနှင့်တစ်ခု မတူညီနိုင်ကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ အုပ်ချုပ်ရေးလုပ်ငန်းများကိုကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမြဲတန်းအတွင်းဝန်က ပြောဆိုခဲ့သည်ဟု ဆိုသည်။

တော်လှန်ရေးကို နိုင်အောင်တိုက်ရမည့်ဆိုသည့် တာဝန်ကိုထမ်းရွက်သည့်အခါ အချင်းချင်းကြား ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တော်လှန်ရေးတွင်ပူးပေါင်းလုပ်ဆောင်မှု အပေါ်မူတည်၍ တော်လှန်ရေးပြီးဆုံးမည့်အချိန်ကို အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း အမြဲတန်းအတွင်းဝန်က ပြောကြားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တွေ့ဆုံမှုတွင် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းလက်စွဲ၊ အစီရင်ခံစာ ပေးပို့ရမည့်ကိစ္စရပ် များနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတို့က ရှင်းလင်းပြောကြားခဲ့သည်ဟုဆိုသည်။

အဆိုပါ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook