Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် သရက်ပင်ဝန်းရွာကို စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် မီးဝင်ရှို့နေ

ယနေ့ (ဇန်နဝါရီ ၃၀ နံနက်) ၈ နာရီခွဲခန့်က စစ်ကောင်စီစစ်ကြောင်း သုံးခုသည် ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယမန်နေ့က စိုင်တိုးရွာမီးလောင်ပြာကျခဲ့စဥ်၊ ဓာတ်ပုံ-Shwe Bo Local PDF
ယမန်နေ့က စိုင်တိုးရွာမီးလောင်ပြာကျခဲ့စဥ်၊ ဓာတ်ပုံ-Shwe Bo Local PDF

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၂၀၀နီးပါးဖြင့် ဝင်ရောက်ဖျက်ဆီးမီးရှို့နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့က ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ကျေးရွာနှင့် စိုင်တိုးရွာအား မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်သည် ယနေ့ (ဇန်နဝါရီ ၃၁ရက်)နံနက် ၈ နာရီခွဲခန့်တွင် သရက်ပင်ဝန်းကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း၊ စစ်ကြောင်း သုံးခုဖြင့် ဝင်ရောက်​မီးရှို့နေခြင်းဖြစ်ပြီး ပျူစောထီးများလည်းပါဝင်ကာ စစ်ကြောင်းတစ်ခုလျှင် တပ်ဖွဲ့ဝင် ၆၀ နီးပါးရှိကြောင်း Shwe Bo Local PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စစ်ကြောင်း သုံးကြောင်းဆိုတော့ အတော်ခံရခက်တာ။ ပျူတွေလည်းပါတယ်။”ဟု Shwe Bo Local PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က အနီးရှိ ရုံးစုကျေးရွာကိုလည်း ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။ စစ်အုပ်စုနှင့်ပျူများသည် ယမန်နေ့က မီးရှို့ရုံတင်မကဘဲ နွားများကိုပါ ဆွဲယူသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဇန်နဝါရီ ၃၀ နံနက်) ၈ နာရီခွဲခန့်က စစ်ကောင်စီစစ်ကြောင်း သုံးခုသည် ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အဆိုပါ စစ်ကြောင်းများသည် ခင်ဦးမြို့နယ်ဘက်မှတဆင့် ဝင်ရောက်လာခြင်းဖြစ်ပြီး မီးလောင်ဆုံးရှုံးမှုအခြေအနေ မသိရသေးပေ။

စစ်ကောင်စီတပ်သည် ဇန်နဝါရီအတွင်း၌ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်အများစုက ကျေးရွာအများအပြားအား စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။