Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် စစ်အုပ်စုအားတိုက်ခိုက်ရာ အများအပြားသေဟုဆို

အထိနာသွားသော စစ်အုပ်စုသည် ရမ်းသမ်းပစ်ခတ်ပြီး နောက်ဆုတ်သွားကာ သီးလုံးနှင့် ဇီးဖြူကုန်းရွာမှ စစ်ကောင်စီတ​ပ်နှင့်​ပျူများ တပ်ကူရောက်လာ၍ တော်လှန်ရေး အင်အားစုများ ဆုတ်ခွာခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(တော်လှန်ရေး အင်အားစုများမှ ရဲဘော်တစ်ဦး ပတ်ခတ်နေစဥ်)
(တော်လှန်ရေး အင်အားစုများမှ ရဲဘော်တစ်ဦး ပတ်ခတ်နေစဥ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စခန်းချနေထိုင်းသော ကျေးရွာမှထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား တော်လှန်ရေးအင်အားစုများက စောင့်​ဆိုင်းတိုက်ခိုက်ရာ စစ်အုုအများအပြားသေဆုံးကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၇ နာရီ ၂၂ မိနစ်ခန့်က တည်သီးတောကျေးရွာမှ ပျူခေါင်းဆောင်နှင့် စစ်ကောင်စီတပ်သားများထွက်လာရာ မင်းဘေးကျေးရွာနှင့် ဂျိူးမြေဇင်းကြား အရောက်တွင် အသင့်စောင့်နေသော တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပျူခေါင်းဆောင် မောင်ဆန်းက ကားပေါက်စနဲ့ လာတာဗျ။သူ့တပည့်တွေက ပုဇင်းခေါင်းနဲ့ လာတာဗျ။ ပုဇင်းခေါင်းထဲက နောက်ခန်းမှာ အင်းအား၁၅ကောင်လောက်ပါပါတယ်။ တည်သီးတောကနေ ဇီးဖြူကုန်းကို အသွားပါ။ အရှေ့ခန်းထဲက နှစ်ကောင်က ပွဲချင်းပြီး သေတာ စနိုက်ပါနဲ့မိပြီး။”ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

နာရီဝက်ခန့် တိုက်ခိုက်ခဲ့ရာ ပျူအကြီးပိုင်း သုံးဦးအပါအဝင် စစ်ကောင်စီတပ်နှင့်ပျူ ၁၃ဦးခန့်သေဆုံးနိုင်ကြောင်း၊ ခြောက်ဦးလည်း ဒဏ်ရာပြင်းထန်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

အထိနာသွားသော စစ်အုပ်စုသည် ရမ်းသမ်းပစ်ခတ်ပြီး နောက်ဆုတ်သွားကာ သီးလုံးနှင့် ဇီးဖြူကုန်းရွာမှ စစ်ကောင်စီတ​ပ်နှင့်​ပျူများ တပ်ကူရောက်လာ၍ တော်လှန်ရေး အင်အားစုများ ဆုတ်ခွာခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လက်နက်က မသိမ်းလိုက်နိုင်ဘူး။ တစ်ကောင်က MA2 စက်လတ်နဲ့ ရမ်းလို့။ ပြီးတော့ အနောက်ဘက်မှာ ထိုးနေတဲ့ စစ်ကြောင်းကလည်း ကျွန်တော်တို့ ပစ်ခတ်နေတဲ့ အသံတွေကြားတော့ ကျွန်တော်တို့ဘက်ကူးလာတယ်ကြားလို့ အချိန်မီ ပြန်ဆုတ်ခဲ့ရတယ်။ သူတို့ဘက်ကတော့ ပစ်ခတ်ပြီး ဒဏ်ရာရသွားတဲ့ကောင်တွေကို ကုဖို့ပို့ဖို့ ကားတွေအသည်းသန်ရှာ ဆရာတွေသွားခေါ်လုပ်နေတယ်လို့ သတင်းရတယ်။ သေသွားတဲ့ကောင်တွေကို ချဖို့ တည်သီးတောမှာလည်း ကန့်တောပွဲတွေပြင်ဆင်နေတယ်လည်း ကြားပါတယ်ဗျ။”ဟု ၎င်းက ပြောသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ နှင့်အတူ မဟာမိတ်များဖြစ်သော SAF မန္တလေးခရိုင် အမှတ်- ( ၄ ) တပ်ရင်း၊C&T SHWEBO LPDF အဖွဲ့၊‌ဗိုလ်ဂျပန်ကြီး(😭.T)-SHWEBO LPDF၊ တောင်သူကြီး (ပ.က.ဖ)၊ BO BA TAW LPDF အဖွဲ့ ၊ SNAKE EYES LPDF အဖွဲ့ ၊ Alpha-7 LPDF အဖွဲ့ ၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်း အဖွဲ့၊ တိုက်နယ်-၂ တော်လှန်ရေး အင်အားစုများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဇန်နဝါရီ ၂၂ရက် နံနက်ပိုင်းကလည်း ရွှေဘိုမြို့နယ် တည်သီးတောကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူများ၏ ကင်းစခန်းလေးခုအား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးရာ စစ်အုပ်စုအထိအခိုက်များခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook