Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် အမျိုးသမီးငယ်တစ်ဦးကို PDF သင်တန်း တက်ဖူးသည်ဟုဆိုကာ စစ်ကောင်စီဖမ်းဆီး

ဖမ်းဆီးခံရသူမှာအသက် (၂၅)နှစ်အရွယ် မနွေနွေကိုဆိုသူ ဖြစ်ပြီး အလှပြင်ပစ္စည်းဝယ်ရန် အင်းတော်မြို့အသွားတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

(ဖမ်းဆီးခံရသည့် မနွေနွေကိုအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR)
(ဖမ်းဆီးခံရသည့် မနွေနွေကိုအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR)

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊အင်းတော်မြို့တွင် အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီက ဇန်နဝါရီ ၂၉ရက် နံနက်တွင် ဖမ်းဆီးခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

ဖမ်းဆီးခံရသူမှာအသက် (၂၅)နှစ်အရွယ် မနွေနွေကိုဆိုသူ ဖြစ်ပြီး အလှပြင်ပစ္စည်းဝယ်ရန် အင်းတော်မြို့အသွားတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

မနွေနွေကိုအား စစ်ကောင်စီတပ်များက အင်းတော်စစ်တပ်ကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်အသွယ်မရသေး၍ စိုးရိမ်နေရကြောင်းမိသားစုထံမှ သိရသည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

မနွေနွေကိုသည် PDFသင်တန်းတက်ဖူးသူဖြစ် သော်လည်း ယခုအချိန်တွင် အလှပြင်သည့်အလုပ်ကိုသာ လုပ်ကိုင်နေသူဖြစ်သည်ဟု ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် လအတွင်းကလည်း အင်းတော်ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးမှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်။ NUG စာသင် ကျောင်းများကို စာအုပ်နှင့် စာရေးကိရိယာများ လှူသည်ဟုဆိုကာ စာအုပ်ဆိုင်ပိုင်ရှင် တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ဆိုင်ရှိ ပစ္စည်းများကို သိမ်းဆည်းခဲ့သည်ဟု ဒေသခံက ပြောသည်။ ထို့ပြင် PDFနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခံရသူများလည်းရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆီသို့လှမ်းချီ ‘Road to Tenasserim’ ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းကျော် ထောက်ပို့ကူညီခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

သတင်း

မကွေးတိုင်း၊ ပခုက္ကူ - ရေစကြိုလမ်းပိုင်းမှာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ အရက်ဘီယာတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တစ်စီးကို ဖမ်းဆီးရရှိတယ်လို့ Southern YSO PDFက ဒီကနေ့ ဧပြီ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။