Connect with us

Hi, what are you looking for?

သတင်း

မြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီ ထောင် ၂ နှစ်ထပ်ချ

အာဏာသိမ်းပြီးနောက် ဖမ်းခံရတဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင် နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာကနဦးက ဆူပူအောင်လှုံဆော်မှု နဲ့ထောင်ဒဏ် ၂ နှစ်စီချခံရသူတွေဖြစ်ပါတယ်။

မြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီ ထောင် ၂ နှစ်ထပ်ချ
မြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီ ထောင် ၂ နှစ်ထပ်ချ

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ်ထပ်ချလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

အိုးဘိုထောင်တွင်း စစ်ကောင်စီဖွင့်ထားတဲ့ တရားရုံးက နိုင်ငံဘဏ္ဍာ အလွဲသုံးမှု ပုဒ်မ ၄၀၉ နဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့အတူ. မန္တလေးစည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုပါ ထောင်ဒဏ် ၂ နှစ်စီချလိုက်တာပါတယ်။

Public Service Announcement
Public Service Announcement

အာဏာသိမ်းပြီးနောက် ဖမ်းခံရတဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင် နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာကနဦးက ဆူပူအောင်လှုံဆော်မှု နဲ့ထောင်ဒဏ် ၂ နှစ်စီချခံရသူတွေဖြစ်ပါတယ်။

အဲဒီထောင်ဒဏ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ စေ့ပေမယ့် ပြန်မလွှတ်ဘဲ သူတို့ ၂ဦးကို စည်ပင်တာဝန်ယူချိန်က နိုင်ငံဘဏ္ဍာ အလွဲသုံးတယ်ဆိုပြီးစွပ်စွဲကာ စစ်ကောင်စီက ပုဒ်မတိုးပြီး ဆက်လက်ဖမ်းဆီးခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook