Connect with us

Hi, what are you looking for?

သတင်း

မန္တလေး သင်ပန်းကုန်းရပ်ကွက်မှာ တစ်ပတ်အတွင်း ရာအိမ်မှူး ၂ ဦး ပစ်သတ်ခံရ

ပစ်သတ်ခံရသူဟာ အသက် ၆၆ နှစ်အရွယ် ရာအိမ်မှူး ဦးခင်မောင်ငြိမ်း နဲ့ အသက် ၆၉ နှစ်အရွယ် ရာအိမ်မှူး ဦးသာဌေးတို့ဖြစ်တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

မန္တလေး သင်ပန်းကုန်းရပ်ကွက်မှာ တစ်ပတ်အတွင်း ရာအိမ်မှူး ၂ ဦး ပစ်သတ်ခံရ
မန္တလေး သင်ပန်းကုန်းရပ်ကွက်မှာ တစ်ပတ်အတွင်း ရာအိမ်မှူး ၂ ဦး ပစ်သတ်ခံရ

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်မှာ တစ်ပတ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူး ၂ဦး နေအိမ်မှာ ပစ်သတ်ခံခဲ့ရပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၆၆ နှစ်အရွယ် ရာအိမ်မှူး ဦးခင်မောင်ငြိမ်း နဲ့ အသက် ၆၉ နှစ်အရွယ် ရာအိမ်မှူး ဦးသာဌေးတို့ဖြစ်တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဦးသာဌေးဟာ မနေ့ ဖေဖော်ဝါရီလ ၄ ရက်မနက် ၁၀ နာရီခွဲ ခန့်က နေအိမ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ဦးခင်မောင်ငြိမ်းကတော့ ဇန်နဝါရီလ ၂၇ ရက် ညနေ ၆ နာရီခွဲမှာ နေအိမ်မှာ ရှိနေချိန်ပစ်ခတ်ခံရတာပါ။

သင်ပန်းကုန်းရပ်ကွက်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ရှာဖွေတာကို မကြာခဏ ခံရတဲ့ရပ်ကွက်ဖြစ်ပြီး ကျုးကျော်ဆိုပြီး နေအိမ်တွေဖယ်ရှားခံရတာကိုလည်းကြုံထားရပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံအချို့ဆီရဲ့ပြောပြချက်အရ လက်ရှိ သင်ပန်းကုန်းရပ်ကွက်ရဲ့ ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။