Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်အမျိုးသားနှင့် ပြည်သူများအကျိုး ဖျက်ဆီးသည့်အရာမှန်သမျှ တိုက်ဖျက်မည်ဟု ကရင်လက်နက်ကိုင် ညီညွတ်ရေးလုပ်ငန်းကော်မတီထုတ်ပြန်

ကော်မတီသည် ကော်ခိုစောဘဦးကြီး၏ မူနှင့် သဘောထား များအပေါ် ယုံကြည်လက်ခံလျက် အမှားအမှန် ဝေဖန်ဆန်းစစ်ပြီး ကရင်တမျိုးသားလုံးနှင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံး၏ အကျိုးကို ရှေးရှုသွားရမည့် တာဝန်တစ်ရပ် ရှိသည်ဟု အတိအလင်း ခံယူထားကြောင်း ဖော်ပြသည်။

စစ်ကောင်စီလေယာဉ်များ တိုက်ခိုက်ဗုံးကြဲခဲ့သည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မက္ကသာရွာ ဘုန်းတော်ကြီးကျောင်းကို ၂၀၂၂ အောက်တိုဘာ ၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-KIC
စစ်ကောင်စီလေယာဉ်များ တိုက်ခိုက်ဗုံးကြဲခဲ့သည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မက္ကသာရွာ ဘုန်းတော်ကြီးကျောင်းကို ၂၀၂၂ အောက်တိုဘာ ၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-KIC

နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးသည် ပြည်သူ့အတွက် အထူးလိုအပ်သည့်အပေါ် ကရင်အမျိုးသားနှင့် ပြည်သူလူထုများကို အကြမ်းဖက် ကြောက်ရွံ့စေမှု၊ စည်းစိမ်ဥစ္စာနှင့် အကျိုးစီးပွားများကို အနှောက်အယှက်ပေး ဖျက်ဆီးသည့် အရာမှန်သမျှအား ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးလုပ်ငန်းကော်မတီက သဘောထား ထုတ်ပြန်ကြေညာခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)၊ နယ်ခြားစောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) တို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးကိုဖေဖော်ဝါရီ ၁ရက်က ပြုလုပ်ပြီး ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းကော်မတီကို ဖွဲ့စည်းထားသည်မှာ ကြာပြီဖြစ်ပြီး ပုံမှန်တွေ့ဆုံမှု အရေးပေါ် တွေ့ဆုံမှုများ ပြုလုပ်ကာ ကရင့်လက်နက်ကိုင်များအချင်းချင်း ညီညွတ်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

“ တစ်ရက်နေ့မှာတွေ့ပြီး ကြေညာချက် ထုတ်တာ။ အဓိပ္ပါယ်ကတော့ ကရင်အချင်းချင်း ပြဿနာမဖြစ်ဖို့ နောက်ပြီးတော့ ကရင်အချင်းချင်း ညီညွတ် ဖို့ပေါ့။ဆိုလိုချင်တာကတော့ ကိုယ့်ကရင်လူမျိုးတွေကို ထိပါးလာမယ့်လုပ်ရပ်ကို ကာကွယ်ဖို့ပေါ့။ ကရင်ပြည်ထဲအခြားလူမျိုးကိုလည်း ကာကွယ်ရမှာပဲလေ” ဟု ၎င်းက ဆိုသည်။

ကော်မတီအနေဖြင့် တန်းတူရေး နှင့် တရားဥပဒေ စိုးမိုးရေး အတွက် ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးအခြေခံမူနှင့် အခြေခံသဘောထားများအပေါ် ရပ်တည်ပြီး မူမဲ့လုပ်ရပ်များကို ဆန့်ကျင်၍ ကရင်အမျိုးသားနှင့် ပြည်သူလူထု တစ်ရပ်လုံးမှ ရင်ဆိုင်ရမည့် အန္တရာယ်နှင့် ထိခိုက်နစ်နာမှုများကို အကာကွယ်ပြုသွားမည်ဟု ထုတ်ပြန်သည်။

ကော်မတီသည် ကော်ခိုစောဘဦးကြီး၏ မူနှင့် သဘောထား များအပေါ် ယုံကြည်လက်ခံလျက် အမှားအမှန် ဝေဖန်ဆန်းစစ်ပြီး ကရင်တမျိုးသားလုံးနှင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံး၏ အကျိုးကို ရှေးရှုသွားရမည့် တာဝန်တစ်ရပ် ရှိသည်ဟု အတိအလင်း ခံယူထားကြောင်း ဖော်ပြသည်။

ထို့ပြင် စစ်မှန်သော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနှင့် ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေး ပေါ်ပေါက်လာနိုင်ရေးအတွက် ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး လုပ်ငန်းကောမတီသည်လည်း အတိအလင်းတာဝန်ရှိကြောင်း ယုံကြည်လက်ခံသည်ဟု ထုတ်ပြန်ခဲ့သည်။