Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်တွင်ရွာစဥ်ပတ်မီးရှို့နေသော စစ်ကြောင်းကို PDFများကြားဖြတ်တိုက်ခိုက်

ဝက်လက်မြို့နယ်တွင် ဇန်နဝါရီလတစ်လအတွင်း အိမ်ခြေ ၂၀၀၀နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီးကလေး ၁ဦးအပါအဝင် ပြည်သူ ၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(GZ Specisl Task Force-ဝက်လက်တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-GZ-SPF-ဝက်လက်)
(GZ Specisl Task Force-ဝက်လက်တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-GZ-SPF-ဝက်လက်)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ရွာစဥ်ပတ်မီးရှို့နေသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့်သေဆုံးကြောင်း GZ Specisl Task Force-Wet Let အဖွဲ့​ခေါင်း​ဆောင် ကိုဂျီဖက်က​ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ဝက်လက်နယ်အနောက်ခြမ်း၊ မန်ကျည်းတုံရွာမှ တကောင်းမင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့်သေဆုံးခြင်းဖြစမသည်ဟု ကိုဂျီဇက်ကဆိုသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

” ဝက်လက်မြို့နယ်ထဲ ခုနှစ်ရွာရှစ်ရွာလောက် မီးပတ်ရှိူ့နေတဲ့ ရွေ့လျားစစ်ကြောင်းပါ။ အခုတော့ ဝက်လက်မြို့နယ်ထဲ မရှိတော့ဘူး။ ရွှေဘိုမြို့ထဲ ပြန်ခေါက်သွားပြီ။ အင်အားက ၆၀ လောက်တော့ရှိတယ်။” ဟု GZ Specisl Task Force-Wet Let အဖွဲ့ခေါင်းဆောင်ကဆက်ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးက ထပ်မံ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုစစ်ဆင်ရေးကို GZ Specisl Task Force-Wet Let အဖွဲ့၊ တပ်ခွဲဖြစ်သော တပ်ခွဲ ၄ မိုင်းဘီလူးတပ်ခွဲနှင့် ရေကြက်တပ်ဖွဲ့နှင့် ဒေါင်းဘုရင်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

GZ Specisl Task Force-Wet Let အဖွဲ့သည် စစ်ကောင်စီတပ်၊ ပျူများနှင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေပြီး လုံခြုံရေးအရ စစ်ရေးသတင်းများအားအကန့်အသတ်ဖြင့်သာထုတ်ပြန်နေသ​ည်ဟုတာဝန်ရှိသူက​ပြောသည်။

ဝက်လက်မြို့နယ်တွင် ဇန်နဝါရီလတစ်လအတွင်း အိမ်ခြေ ၂၀၀၀နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီးကလေး ၁ဦးအပါအဝင် ပြည်သူ ၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

You May Also Like

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။

သတင်း

ယနေ့ညနေ နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီ၏လေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံများ ဘေးလွှတ်ရာထက်​ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံအချို့က​ပြောသည်။

သတင်း

မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာ​သောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ - ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့​သည်။

သတင်း

ပြည်သူများအ​နေဖြင့် ဂဠုန်တပ်​တော် ​ရှေ့ဆက်​တော်လှန်နိုင်ရန်နှင့် လက်နက်၊ခဲယမ်းများပြန်လည် ထုတ်လုပ်၊စုဆောင်းနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်ပေါင်းစုံမှ ကူညီ​ထောက်ပံ့ပေးကြပါရန် ​ဂဠုန်တပ်တော် (ဒီပဲယင်း)က မေတ္တာရပ်ခံထားသည်။