Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင်ရွာစဥ်ပတ်မီးရှို့နေသော စစ်ကြောင်းကို PDFများကြားဖြတ်တိုက်ခိုက်

ဝက်လက်မြို့နယ်တွင် ဇန်နဝါရီလတစ်လအတွင်း အိမ်ခြေ ၂၀၀၀နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီးကလေး ၁ဦးအပါအဝင် ပြည်သူ ၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(GZ Specisl Task Force-ဝက်လက်တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-GZ-SPF-ဝက်လက်)
(GZ Specisl Task Force-ဝက်လက်တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-GZ-SPF-ဝက်လက်)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ရွာစဥ်ပတ်မီးရှို့နေသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့်သေဆုံးကြောင်း GZ Specisl Task Force-Wet Let အဖွဲ့​ခေါင်း​ဆောင် ကိုဂျီဖက်က​ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ဝက်လက်နယ်အနောက်ခြမ်း၊ မန်ကျည်းတုံရွာမှ တကောင်းမင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့်သေဆုံးခြင်းဖြစမသည်ဟု ကိုဂျီဇက်ကဆိုသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

” ဝက်လက်မြို့နယ်ထဲ ခုနှစ်ရွာရှစ်ရွာလောက် မီးပတ်ရှိူ့နေတဲ့ ရွေ့လျားစစ်ကြောင်းပါ။ အခုတော့ ဝက်လက်မြို့နယ်ထဲ မရှိတော့ဘူး။ ရွှေဘိုမြို့ထဲ ပြန်ခေါက်သွားပြီ။ အင်အားက ၆၀ လောက်တော့ရှိတယ်။”ဟု GZ Specisl Task Force-Wet Let အဖွဲ့ခေါင်းဆောင်ကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးက ထပ်မံ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုစစ်ဆင်ရေးကို GZ Specisl Task Force-Wet Let အဖွဲ့၊ တပ်ခွဲဖြစ်သော တပ်ခွဲ ၄ မိုင်းဘီလူးတပ်ခွဲနှင့် ရေကြက်တပ်ဖွဲ့နှင့် ဒေါင်းဘုရင်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

GZ Specisl Task Force-Wet Let အဖွဲ့သည် စစ်ကောင်စီတပ်၊ ပျူများနှင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေပြီး လုံခြုံရေးအရ စစ်ရေးသတင်းများအားအကန့်အသတ်ဖြင့်သာထုတ်ပြန်နေသ​ည်ဟုတာဝန်ရှိသူက​ပြောသည်။

ဝက်လက်မြို့နယ်တွင် ဇန်နဝါရီလတစ်လအတွင်း အိမ်ခြေ ၂၀၀၀နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီးကလေး ၁ဦးအပါအဝင် ပြည်သူ ၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။