စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်ပိုင်းတိုင်းစစ် ငှာနချုပ်(နမခ)အား ယနေ့နံနက်ပိုင်းက ရှော့တိုက်ဒုံးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) နံနက် ၃ နာရီခန့်ကတစ်ကြိမ်၊ နံနက် ၉ နာရီခန့်က တစ်ကြိမ် မုံရွာမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ငှာနချုပ် ( နမခ )အား 107 – MM (လျှော့တိုက်ဒုံး)ဖြင့် လေးလုံးတိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိခိုက်မှုများရှိ၍ နမခအတွင်း ဆေးရုံကားများ ဝင်ထွက်သွားလာသည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

“နမခဖြစ်စဥ်က ဟုတ်တယ်။ ဂိတ်ပေါက်နားဖြစ်တယ်ကြားတယ်။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ ၊ ၃ ၊ ၄ ၊ အမှတ်-၅ တပ်ရင်း (Aung San Force -ASF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တပ်ရင်းတပ်ခွဲတပ်ဖွဲ့များ ထိုးစစ်တိုက်နေသဖြင့် အရေးပေါ် လက်နက်ခဲယမ်းများ လိုအပ်နေကြောင်း အသိပေးသည်။
စစ်ကောင်စီ လက်အောက်ခံ စစ်တိုင်းချုပ်အနေဖြင့် အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးနေမှုများအား ချက်ချင်းရပ်တန့်ပြီး လက်နက်ချရန်၊မသမာသော ရွေးကောက်ပွဲဖြင့် တရားဝင်မှုရရှိရေး ကြိုးစားနေမှုအား ရပ်တန့်ရန်Chindwin Attack Forceက သတိပေးသည်။ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ ၏တရားမဝင်ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့်ဆန့်ကျင်ကြရန် Chindwin Attack Forceက မေတ္တာရပ်ခံထားသည်။


















































