Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်အေးမြို့တိုက်ပွဲတွင်စစ်ကောင်စီ ရဟတ်ယာဉ်ကိုPDF များပစ်ချနိုင်ခဲ့ဟု NUG ထုတ်ပြန်

ယနေ့ တိုက်ပွဲအတွဗင်း ရန်သူ့တပ်သားနှင့်ပျုစောထီး (၂၀)ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်(၂)ဦး ကျဆုံးခဲ့ကြောင်း အသိပေးထားသည်။

(စစ်​ကောင်စီ.ရဟတ်ယာဥ်တစ်စီး ။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီ.ရဟတ်ယာဥ်တစ်စီး ။ဓါတ်ပုံ-စစ်​ကောင်စီ)

ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့သစ်အနီးတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ (၃)ရက်နေ့ တိုက်ပွဲအတွင်း နေ့လည် ၃နာရီ ၄၅ မိနစ်ခန့်က ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

“စစ်ကောင်စီတပ်က ရွှေပြည်အေးကို Mi 35 နဲ့ဗုံးကြဲပြီး ဖောင်းပြင်ကိုပြန်သွားချိန် နောက်ကနေ လိုက်လာတဲ့ လူMi 17ကို PDF တွေကဝိုင်းပစ်ကြတာပါ။ ရွှေပြည်အေးမှာပဲပျက်ကြတာ အတည်ပြုပါတယ်။ ဒီညနေ နှစ်နာရီထိုးကာနီးကပါ ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုးနှင့်မဟာမိတ်တပ်ပေါင်းစုများမှ ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ပွဲအတွဗင်း ရန်သူ့တပ်သားနှင့်ပျုစောထီး (၂၀)ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်(၂)ဦး ကျဆုံးခဲ့ကြောင်း အသိပေးထားသည်။

​ ရွှေပြည်အေး မြို့ ကို PDF ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁ရက်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်၍မြိုသိမ်းဆိုက်ပွဲဆင်နွဲခဲ့ရာ စစ်ကောင်စီနှင့် ရှမ်းနီ တပ်စခန်း ၃ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်သည်။ထို​နောက်စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်တို့မှ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား​နေရာ ယနေ့ မွန်းလွဲပိုင်းတိုက်ပွဲ၌ စစ်ကောင်စီ ရဟတ်ယာဉ်ကိုပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲ၌လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်ကောင်စီရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ရာ စစ်ကောင်စီ ရဟတ်ယာဉ်မှူး အရာရှိများ သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။