Connect with us

Hi, what are you looking for?

သတင်း

ကာမိုင်းမြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းတစ်ဦး ပစ်သတ်ခံရ

အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းအားအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ပစ်သတ်သွားခြင်းကြောင်း ​ဒေသခံများက ပြောပြီး အခြားမှတ်ချက်မပေးပေ။

(သေဆုံးသူ အမျိုးသား​၏ ရုပ်အလောင်းအား တွေ့ရစဉ်)
(သေဆုံးသူ အမျိုးသား​၏ ရုပ်အလောင်းအား တွေ့ရစဉ်)

ကချင်ပြည်နယ် ကာမိုင်းမြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ကာမိုင်းမြို့ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းဖြစ်သော(၄၅)နှစ်အရွယ် ဦးမဲလုံးဆိုသူသည် ယနေ့ (ဖေဖော်ဝါရီ ၆ရက်) နံနက် ၁၁နာရီခန့်က ပစ်ခတ်ခံရခြင်း ဖြစ်သည်။

“ကာမိုင်း – လဝါးလမ်းဆုံဂိတ်ဟောင်းမှာ အပစ်ခံရတာ။ သူက အဲ့ဒီဂိတ်မှာ ပိုက်ဆံတောင်းနေတာ။ အရင်ကတော့ ပြည်သူ့စစ်။ နောက်တော့ သူအထုတ်ခံရတယ်။ ဒါပေမယ့် စကစနဲ့တော့ သူကအမြဲတတွဲတွဲနေတတ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းအားအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ပစ်သတ်သွားခြင်းကြောင်း ​ဒေသခံများက ပြောပြီး အခြားမှတ်ချက်မပေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်တားမြစ်ထားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။