Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်ကတော်လှန်ရေးအင်အားစုနှင့်နိုင်ငံရေးအင်အားစုများပြည်သူ့လိုလားချက်ဖြည့်စွမ်းပေးရန်NUG တိုက်တွန်း

ရှမ်းပြည်နယ်ရှိ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်​သော RCSSနှင့် SSPP တို့သည် ပြည်သူထုကို အကြမ်းဖက်နှိပ်စက်နေသည့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေသည်။

တိုင်းပြည်နှင့် လူထုအား လက်ရှိကြုံတွေ့နေရသော ဆင်းရဲဒုက္ခတွင်းမှ လွတ်မြောက်စေရန်ရှမ်းပြည်နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံရေးအင်အားစုများသည် တညီတညွတ်တည်း ပေါင်းစည်း ညီညာ၍ စစ်အာဏာရှင်စနစ် အပြီးတိုင်တိုက်ဖျက်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ထောင်ရေးဟူသော ပြည်သူလူထု၏ မျှော်မှန်းတောင့်တချက်များကို ကြိုးစားဖြည့်စွမ်း ပေးကြ လိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန က သဝဏ်လွှာပေးပို့လိုက်သည်။

ရှမ်းပြည်ကတော်လှန်ရေးအင်အားစုနှင့်နိုင်ငံရေးအင်အားစုများပြည်သူ့လိုလားချက်ဖြည့်စွမ်းပေးရန်NUG တိုက်တွန်း
ရှမ်းပြည်ကတော်လှန်ရေးအင်အားစုနှင့်နိုင်ငံရေးအင်အားစုများပြည်သူ့လိုလားချက်ဖြည့်စွမ်းပေးရန်NUG တိုက်တွန်း

ယနေ့ ကျရောက်သော (၇၆) နှစ်မြောက် ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့)အတွက်သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်နှင့်ရှမ်းလူထုသည်ခေတ်အဆက်ဆက်နိုင်ငံရေးလှိုင်းတံပိုးကြမ်းများကို နှစ်ကာလ များစွာ ဖြတ်သန်းခဲ့ရကြောင်း၊ ယနေ့မျက်မှောက် အချိန်အခါတွင်လည်း ရှမ်းပြည်နယ်အပါအဝင် တိုင်းပြည် တဝှမ်းတွင် ဖက်ဆစ်စစ်တပ်၏ ဆိုးသွမ်းယုတ်မာ ရက်စက်မှုများကို ပြည်သူများ ခါးစည်းခံစားနေရဆဲ ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

ရှမ်းပြည်နယ်ရှိ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်​သော RCSSနှင့် SSPP တို့သည် ပြည်သူထုကို အကြမ်းဖက်နှိပ်စက်နေသည့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီရက်ပိုင်းက ရှမ်းတပ် SSPPက ဖက်ဒရယ်နှင့် ဒီမိုကရေစီ ကို လိုလားသော အင်အားစုများနှင့် လက်တွဲမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ထို​ကြောင့် NUG ယာယီသမ္မတ ဒူဝါလရှီးလက ဖက်ဒရယ်အရေးလက်တွဲ ဆောင်ရွက်နိုင်ရန် အစိုးရ အနေဖြင့် အမြဲတမ်း ဖိတ်ခေါ် လျက်ရှိကြောင်း SSPPကို အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook