Connect with us

Hi, what are you looking for?

သတင်း

၂၀၂၂ နှစ် အတွင်းကလေးငယ် ၁၆၅ ဦးသတ်ဖြတ်ခံရ

စစ်တပ်အာဏာသိမ်း ၂ နှစ်တာကျော်လာချိန်မှာ မြန်မာကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ UNICEF မြန်မာက ဆိုထားပါတယ်။

စစ်ကိုင်းတိုင်း၊လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းကတိုက်ခိုက်ခံရပြီးနောက်တွေ့မြင်ရပုံ
စစ်ကိုင်းတိုင်း၊လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းကတိုက်ခိုက်ခံရပြီးနောက်တွေ့မြင်ရပုံ

စစ်အုပ်စုလက်ချက်နဲ့ ကလေးငယ်တွေ သေဆုံးနှုန်းဟာ မြင့်တက်လာပြီး ၂၀၂၂ ခုနှစ်အတွင်းမှာတင် ကလေးငယ် ၁၆၅ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) အစည်းအဝေးမှာတင်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းမှာတင် ကလေးငယ် ၁၆၅ ဦးသတ်ဖြတ်ခံရပြီး ဒီကိန်းဂဏန်းဟာ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၇၈ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ အချို့ကလေးငယ်တွေဟာ စစ်တပ်ရဲ့လေယာဉ်နဲ့ဗုံးကြဲမှု ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု ကိုရှောင်ရှားနိုင်ဖို့ ဗုံးခိုကျင်းထဲမှာ စာသင်နေရတဲ့အခြေအနေဖြစ်နေတယ်လို့ UNICEF ထံ သံအမတ်ကြီးရဲ့တင်ပြချက်မှာပါရှိပါတယ်။

Public Service Announcement
Public Service Announcement

ဥပမာအနေနဲ့ စစ်ကိုင်းတိုင်း ၊ ကရင်နီပြည်ခေါ် ကယားပြည်နယ် တို့ ထဲက စာသင်ကျောင်းနဲ့ ရခိုင်ပြည်နယ် မှာကလေးငယ်တစ်ဦး နာမည်ပေး ကင်ပွန်းတပ် အခမ်းအနား ဗုံးကျဲခံရလို့ ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ရတယ်လို့ သံအမတ်ကြီး ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို စာသင်ကျောင်းတွေနဲ့ ကလေးငယ်တွေဟာ တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ် လုံးမဝမဖြစ်စေရဖို့လိုတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်း ၂ နှစ်တာကျော်လာချိန်မှာ မြန်မာကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ UNICEF မြန်မာက ဆိုထားပါတယ်။

အကူအညီလိုအပ်နေသူတွေထဲမှာ ကလေးငယ်ဦးရေဟာ ငါးသန်းခန့် ရှိလာတယ်လို့ လည်းစာရင်းတွေအရ သိရပါတယ်။

ဒါအပြင် ပြည်တွင်းမှာ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်တွေဖြစ်ကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။