Connect with us

Hi, what are you looking for?

သတင်း

ငဖဲမြို့နယ်ရှိ ကပစစက်ရုံကိုPRA(မ​ကွေး)​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်

စစ်​တပ်၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက် ၁ နာရီမထိုးခင်အချိန်တွင် (၁ဝ၇) မမ ရှော့တိုက်ဒုံး (၂) လုံး၊ RPG (၁) လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

(PRA(မ​ကွေး)တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-PRA-မ​ကွေး)
(PRA(မ​ကွေး)တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-PRA-မ​ကွေး)

မ​ကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ပြီး အဆောက်အဦပျက်စီးမှုနှင့် ရန်သူသေဆုံးဒဏ်ရာရရှိမှုများ ရှိနိုင်ကြောင်း People’s Revolutlon Allance (PRA-Magway) စစ်ရေးဆိုင်ရာတာဝန်ခံက​ပြောသည်။

စစ်​တပ်၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက် ၁ နာရီမထိုးခင်အချိန်တွင် (၁ဝ၇) မမ ရှော့တိုက်ဒုံး (၂) လုံး၊ RPG (၁) လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

” ရဲဘော်တွေက အဆောက်အဦးအနီးအနားအထိကပ်ပြီး မစ်ရှင်လုပ်နိုင်ခဲ့ပါတယ်။ ပစ်မှတ်ကိုထိတာမျက်မြင်ကိုယ်တွေ့ ရှိခဲ့ပါတယ်။ မကြာခင် ဗီဒီယိုဖိုင်ထုတ်ပြန်ပါမယ်” ဟု PRA-Magwayစစ်ရေးဆိုင်ရာတာဝန်ခံက People’s Spring သို့ပြောသည်။

အဆိုပါစစ်ဆင်​ရေးကို ဟောလုံစစ်ကြောင်းနှင့်မောလုံစစ်ကြောင်းတို့ပူးပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်ပြီးမြေပြင်အတည်ပြုချက်များအရ အဆောက်အဦပျက်စီးမှုနှင့် ရန်သူသေဆုံးဒဏ်ရာရရှိမှုများ ရှိနိုင်သည်ဟု ယူဆရပြီး နောက်ဆက်တွဲအခြေအနေများ ဆက်လက်စုံစမ်းနေကြောင်းPRA (မ​ကွေး)က အသိ​ပေထားသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်တွင် ကပစ စက်ရုံ ၂၅ ရုံရှိ​ကြောင်း Myanmar Now သတင်းဌာနက စုံစမ်း​ဖော်ထုတ်​ရေးသားထားသည်။

ဖေ‌ဖော်ဝါရီ၅ရက်ကလည်းမုံရွာမြို့မှစစ်ကောင်စီတပ်၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) ကဦး​ဆောင်၍ မဟာမိတ်ခြောက်ဖွဲ့ကရှော့တိုက်ဒုံး လေးလုံးဖြင့်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင်အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ​ကျော်​သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရရှိသူများစွာရှိကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၂ ၊တပ်ရင်း ၃ ၊တပ်ရင်း ၄ ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ က​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။