Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် မြေနီကုန်းတံတားဖြတ်သန်းခွင့်ပိတ်ထား၍ ယာဉ်ကြောပိတ်ဆို့မှုဆိုးရွားစွာဖြစ်နေ

မြေနီကုန်းတံတားပေါ်မှ ဖြတ်သန်းမည့်ယာဉ်များအနေဖြင့် တံတားအောက်လမ်းမှသာ သွားခွင့်ပေးထားသောကြောင့် ယာဉ်ကြောပိတ်ဆိုးမှုဆိုးရွားနေခြင်းဖြစ်သည်။

ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ပြင်ဆင်မှုများပြုလုပ်နေစဉ်၊ ဓာတ်ပုံ - PS
ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ပြင်ဆင်မှုများပြုလုပ်နေစဉ်၊ ဓာတ်ပုံ - PS

ရန်ကုန်မြို့တွင် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီက မြေနီကုန်းတံတား ဖြတ်သန်းခွင့်ပိတ်ထား၍ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးဝါးဝါးဖြစ်နေသည်။

မြေနီကုန်းတံတားပေါ်မှ ဖြတ်သန်းမည့်ယာဉ်များအနေဖြင့် တံတားအောက်လမ်းမှသာ သွားခွင့်ပေးထားသောကြောင့် ယာဉ်ကြောပိတ်ဆိုးမှုဆိုးရွားနေခြင်းဖြစ်သည်။

“တံတားထိပ်မှာ တုံးတွေချထားပြီး အောက်ကပဲသွားဖို့ ဘဲဥ နှစ်ကောင် ပြောနေတာ”ဟု ယင်းနေရာသို့ ဖြတ်လာသည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ နေရာတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် လှည်းတန်း ဘက်တွင်လည်း ယာဉ်ကြော ပိတ်ဆို့နေပြီး ရွှေဂုံတိုင်ဘက်တွင်လည်း ရွှေဂုံတိုင်လမ်းဆုံအထိ ယာဉ်ကြောပိတ်ဆို့နေသည်။

Public Service Announcement

Public Service Announcement

“လှည်းတန်းနဲ့ မြေနီကုန်းကိုတစ်နာရီလောက်စီးလိုက်ရတယ်”ဟု YBS စီနင်းသူတစ်ဦးက ပြောသည်။

မြေနီကုန်းတံတား‌ပေါ်သို့ ယာဉ်ဖြတ်သန်းခွင့်မပေးသည့် အကြောင်းကို လူထုနွေဦး အနေဖြင့် သီးခြားအတည်မပြုနိုင်သော်လည်း ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည့် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်ထောင်စုနေ့ အခမ်းအနားပြင်ဆင်မှုကြောင့်ဖြစ်နိုင်ကြောင်း ပြည်သူတစ်ဦးက မှတ်ချက်‌ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ Atom ဆက်သွယ်ရေးအော်ပရေတာက စီစဥ်ပြုလုပ်တဲ့ ရန်ကုန်မြို့လယ်ခေါင် Yangon Heritage Night Run မာရသွန်အပြေးပြိုင်ပွဲကြောင့် မေလ ၉ ရက် ည​နေပိုင်းမှာ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေ သွားလာရေး အခက်ကြုံခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။