Connect with us

Hi, what are you looking for?

News

ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်နှင့် ထောက်တိုင်များကို တိုက်ခိုက်

ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်များတွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြောက်ဥက္ကလာစသည့်မြို့နယ်များပါဝင်ကြောင်း ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။

(ရန်ကုန်မြို့ ၊ဒဂုံမြို့သစ်​မြောက်ပိုင်း၊အမှတ် ၂ လမ်းမကြီးကို​တွေ့ရစဥ်။ ။ ။ဓါတ်ပုံ-Google Map)

ပြည်ထောင်စုနေ့အထိန်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်နှင့် ထောက်တိုင်များကို တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့အချို့က အသိပေးထုတ်ပြန်သည်။

ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်များတွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြောက်ဥက္ကလာစသည့်မြို့နယ်များပါဝင်ကြောင်း ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၂)ည ၈နာရီခန့်တွင် ဖောက်ခွဲတိုက်ခိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ထိတိုက်ခိုက်မှုမှာ အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ACPLF)က ၎င်းတို့လက်ချက်ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။

တိုက်ခိုက်မှုကို ဒဂုံမြို့သစ်မြောက်ပိုင်း အမှတ် (၂) လမ်းမကြီးရှိ ရဲထောက်ပံ့ရေးဌာနကြီးအဆောက်အအုံဝင်းအတွင်းသို့ M 79 ဗုံးပစ်လောင်ချာဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ACPLF က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“တိုက်ခိုက်မှုသည် အလွန်ပြင်းထန်သည့်အ တွက် တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များရှိနိုင်ကြောင်း ခန့်မှန်းရပြီးအရေအတွက်အသေးစိပ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြည်သူအား အသိပေးတင်ပြအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ယမန်နေ့ည ၇ နာရီကျော်က မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီလမ်းမပေါ်ရှိ စည် ပင်ဝန်ထမ်းလိုင်းခန်းနေရာတစ်ခုကို အမည်မသိအဖွဲ့အစည်းတစ်ခုက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အိမ်နဲ့တော့ နီးတယ်။ သိပ်မသိလိုက်ဘူး စည်ပင်က လမ်းအဖွဲ့တွေနဲ့ ဝန်ထမ်းတွေနေတဲ့နေရာဘဲ။ ထိခိုက်မှုတော့မရှိဘူးလို့ကြားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်းခန်အကြာတွင် မြောက်ဥက္ကလာပမြို့နယ်အတွင်း ပေါက်ကွဲမှု နောက်ထပ်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့သော်လည်း အသေးစိပ်အခြေအနေအား မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။