Connect with us

Hi, what are you looking for?

သတင်း

ညောင်ပင်ဝန်းရဲစခန်းမှထွက်လာသော ရဲများအားတိုက်ခိုက်ရာ ငါးဦးသေ

ရဲစခန်းအတွင်းမှ ပြန်လည်ပစ်ခတ်မှုများရှိပြီး (၄၀) မမ လေးလုံး၊ (၆၀) မမ နှစ်လုံး၊(၈ဝ) မမ နှစ် လုံး စခန်းအတွင်းသို့ ပစ်ထည့်တိုက်ခိုက်ခဲ့ကြောင်း MNRFအဖွဲ့က ပြောသည်။

ညောင်ပင်ဝန်းကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ
ညောင်ပင်ဝန်းကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ

စစ်အုပ်စုပစ်သတ်၍ ဒေသခံပြည်သူသုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းရှိ ညောင်ပင်ဝန်းကျေးရွာ ရဲစခန်းမှ စျေးဝယ်ထွက်လာသော ရဲများအား တိုက်ခိုက်ရာ ငါးဦးသေဆုံးပြီး စစ်အုပ်စု စစ်ကြောင်းထိုးသတ်ဖြတ်၍ လူငယ်အမျိုးသား သုံးဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီ ၇ရက်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းမှ ခြေလျင်ထွက်လာသော ရဲ ခုနစ်ဦးအား ဒေသကာကွယ်ရေးအဖွဲ့များက ပဒေသာမိုင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် မိုင်းကွင်းအတွင်း အခြေပျက်သွားသော ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးအား ထပ်မံပစ်ခတ်တိုက်ခိုက်ရာ ငါးဦး နေရာတွင်သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force-MNRF၏ ခေါင်းဆောင် ကိုမိုးညိုက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Force MNRF၊ Local Defence Force Brother Hood Of Dragon၊ ဒေါင်းစစ်သည် Sagaing Region PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“စျေးဝယ်ထွက်တဲ့ ရဲတွေ ညောင်ပင်ဝန်းရဲစခန်းနဲ့ ညောင်ပင်ဝန်းစျေးကြားမှာ စခန်းနဲ့ သိပ်မဝေးဘူး မီတာ၅၀ အကွာလောက်အထိ တက်ကပ်ပြီးတော့ ညကတည်းက မိုင်းဆင်တယ်။ မိုင်းကွင်းနဲ့နည်းနည်းဝေးတဲ့နေရာမှာ လက်နက်ငယ်နဲ့စောင့်နေတယ်။ကားတွေကိုပိုက်ဆံကောက်ပြီးတော့ စျေးဘက်ကို စျေးဝယ်ထွက်လာတယ်။ အဲဒီအချိန်မှာ မိုင်းအရင်ဆွဲလိုက်တယ်။ ခြေလျင်ထွက်လာတဲ့ကောင်တွေကို။ မိုင်းနဲ့ဆွဲလို့ ဖရိုဖရဲဖြစ်နေတဲ့ကောင်တွေကို လက်နက်ငယ်နဲ့ ပစ်တယ်”ဟု MNRF၏ ခေါင်းဆောင် ကိုမိုးညိုက ပြောသည်။

ရဲစခန်းအတွင်းမှ ပြန်လည်ပစ်ခတ်မှုများရှိပြီး (၄၀) မမ လေးလုံး၊ (၆၀) မမ နှစ်လုံး၊(၈ဝ) မမ နှစ် လုံး စခန်းအတွင်းသို့ ပစ်ထည့်တိုက်ခိုက်ခဲ့ကြောင်း MNRFအဖွဲ့က ပြောသည်။

” စခန်းကိုလည်းပတ်ပတ်လည်ဝိုင်းထားတယ်။ စခန်းထဲကမထွက်နိုင်အောင်။ စခန်းထဲကိုလည်း လက်နက်ကြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ထည့်တယ်။ တော်တော်လေးအနီးထိ ကပ်နိုင်ခဲ့တယ်။ ဒါပေမယ့် တပ်မ ၃၃ ကနေ အင်အားအပြည့်နဲ့ အကူလာလို့ နောက်ဆုတ်ခဲ့ရတယ်။”ဟု ကိုမိုးညိုက ပြောသည်။

(ဖေဖော်ဝါရီ ၇ ရက်နံနက် ၈နာရီဝန်းက ညောင်ပင်ဝန်းမရောက်ခင် နည်းနည်း​လောက်အလိုမှာ ဆက်သွားလို့ မရလို့ ခရီးသည်တွေ ခေတ္တစောင့်နေရသေးတယ်။ မနက်ဆယ်နာရီလောက်မှာ လမ်းပြန်ပွင့်သွားတယ်”ဟု ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လမ်းပိုင်းခဏပိတ်မိခြင်းနှင့်ပတ်သက်ပြီး ခရီးသွားတစ်ဦးက ​ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၈ ရက်)တွင် စစ်ကောင်စီတပ်သည် အင်အားများဖြည့်လာပြီး ညောင်ပင်ဝန်းကျေးရွာအနီးရှိ တံတားဦးကျေးရွာဝင်ရောက်ကာ ဒေသခံအမျိုးသား သုံးဦးအား သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

“စခန်းထဲမှာ အင်အားတွေတော်တော်များများဖြည့်ထားတယ်။ မနေ့ကတော့ ​ညောင်ပင်ဝန်းရွာနဲ့ကပ်လျက် တံတားဦးရွာမှာ ပြည်သူတွေကိုလိုက်ပြီးတော့ဖမ်းတယ်။ ပြီးတော့ လူငယ်သုံးယောက်ကို ပစ်သတ်သွားတယ်။အရက်ဆိုင်ထဲက သုံးယောက်ကိုပစ်သတ်သွားတယ်လို့သတင်းရတယ်”ဟု နယ်ခံတစ်ဦးက ပြောသည်။

မုံရွာ – မန္တလေးလမ်းပေါ် ညောင်ပင်ဝန်းစခန်းရှိ စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ကျေးရွာများအား ဝင်မွှေနှောက်ဖျက်ဆီးပြီး သတ်ဖြတ်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒလမြို့နယ်မှာ ဇနီးဖြစ်သူအသတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံဖမ်းမပေးတဲ့ စစ်တပ်နဲ့ရဲကို လူမှုကွန်ရက်မှာ ဝေဖန်ခဲ့တယ်ဆိုပြီး ဒေါက်တာကောင်းစံကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။