Connect with us

Hi, what are you looking for?

သတင်း

မွေးနေ့အမှတ်တရ စာအုပ်ထုတ်တဲ့လင်းလင်း

တော်လှန်အနုပညာရှင်လင်လင်းက သူ့ရဲ့‌မွေးနေ့မှာ “ သံစဉ်မကြားရသော အမတေများ” စာအုပ်ကို ထုတ်ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဆဏ်း / People’s Spring

တော်လှန်အနုပညာရှင်လင်လင်းက သူ့ရဲ့‌မွေးနေ့မှာ “ သံစဉ်မကြားရသော အမတေများ” စာအုပ်ကို ထုတ်ဖြစ်တယ်လို့ အသိပေးထားပါတယ်။

“ မွေးနေ့လေးမှာတော့ စာအုပ်လေးထုတ်ဖြစ်ပါတယ်။ကွန်းမန့်မှာတော့ ဩဇီနဲ့စင်္ကာပူမှာ ရောင်းပေးမယ့်မိတ်ဆွေတွေရဲ့ လင့်ခ် လေး ထည့်ပေးထားပါတယ်။ပြီးတော့ အရင်းအချာတွေကလဲ အလုပ်တွေများနေတဲ့ကြားက ရောင်းမယ်ဆိုပြီး ဝိုင်းရောင်းပေးနေကြပါတယ်။” လို့ လင်းလင်းရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီစာအုပ်က နွေဦးတော်လှန်ရေး မတိုင်ခင်ကတည်းက ရေးသားထားတာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တော်လှန်သံတွေပါဝင်မယ်လို့ ဆိုပါတယ်။

“ Liberal Bourgeoism တွေနဲ့ Hobo Armyism တွေအနေနဲ့ ဝယ်မဖတ်သင့်ပါ။ သူတို့အတွက်က အဆိပ်အတောက်တွေ ပါနိုင်ပါတယ်။” သူ့စာအုပ်နဲ့ပတ်သက်ပြီး သတိပေးထားပါတယ်။

ဒီစာအုပ်ရောင်းချလို့ရတဲ့ငွေတွေကိုလည်း ပေးချင်တာပေး ၊ သုံးချင်တာသုံးမယ်လို့လည်း လင်းလင်းကပြောထားပါတယ်။

စာအုပ်ရောင်းပေးချင်တဲ့ ပြည်ပနိုင်ငံတွေက မိတ်ဆွေ‌တွေအနေနဲ့လည်း အချင်းချင်းဆက်သွယ်ပေးဖို့ ဖိတ်ခေါ်ထားပါတယ်။

“ ထိုင်းနဲ့ ဘယ်နိုင်ငံမဆိုပို့ပေးမှာပါ။(ပြည်တွင်းမပါ) အခုတော့ အုပ်ရေ ၃၀၀ကျော်ရောင်းပြီးပါပြီ ကိုလင်းကိုချစ်တဲ့ပြည်သူတွေခင်ဗျားတို့ကိုကျနော်ချစ်တယ်။” လို့ စာအုပ်ရောင်းပေးနေတဲ့ ဦးကျော်သက်လင်းက ‌အသိပေးထားပါတယ်။

“ အာ, ဏာ, ရှင် ယန္တရားပြိုလဲရေး ဘုံရန်သူကို မျက်ခြေမပျက် ဆက်လက်တွန်းလှန် ချီတက်ကြပါစို့။အပြောလေးတွေလျှော့၊ အလုပ်လေးတွေတိုးပြီး ဆက်ရွှေ့ကြပါစို့။ ကမ္ဘာပေါ်မှာ လော်စပီကာထမ်းပြီး လုပ်တဲ့တော်လှန်ရေးကို ကျနော် မလေ့လာဖူးသေးလို့ပါ။ယခုတလော ဟော့နေတဲ့ ‘ပုစဉ်းရင်ကွဲ ပရဟိတ’ ခေါင်းစဉ်တွေနောက်လဲ မျက်စိလည်၊ လမ်းမှားပြီး လမ်းတွေ ပျောက်မနေနဲ့ဦး အရပ်ကတို့။ အင်းစိန်ထောင်ထဲကသတင်းတွေ၊ နေ့စဉ်လေယာဉ်နဲ့ရက်စက်မှုတွေကိုလဲ နှလုံးသားတွေစွင့်ထားကြပါဦး” လို့ မွေးနေ့ရှင်လင်းလင်းကသတိပေးထားပါတယ်။

လင်းလင်းတို့ မိသားစုက နွေဦးတော်လှန်ရေးမှာ အနုပညာနဲ့ပံ့ပိုးပေးနေသလို ရန်ပုံငွေရှာဖွေရေးအတွက်လည်း ကမ်ပိန်းတွေမှာပါဝင်ကူညီပေးနေပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း လင်းလင်းရဲ့ Authentic ဖျော်ဖြေပွဲကရရှိတဲ့ငွေတွေနဲ့ ကရင်နီရဲ့ အရေးပေါ် ကယ်ဆယ်ရေးအတွက် စက်လှေတစ်စီးကူညီပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရောင်နီပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်ရရှိခဲ့တာ‌ကြောင့် ရောင်နီ ၇ ပွဲကနေ အမေရိကန်ဒေါ်လာ ၅၆၉,၀၀၀ ကျော်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

သတင်း

Theatre 21 (ပြဇာတ်၂၁)လို့အမည်ပေးထားတဲ့ ခြောက်ခွေမြောက် တကိုယ်တော်ခွေကို လာမယ့် အောက်တိုဘာ ၂ ရက်မှာ ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင်လင်းလင်းက အသိပေးထားပါတယ်။

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ရောင်နီ ဖျော်ဖြေပွဲမစတင်မီ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း တစ်မိနစ် ငြိမ်သက်ဆုတောင်းပြီးမှ ပွဲစတင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း

တော်လှန်ရေးအတွက် ထောက်ပံ့ပေးနေတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို စက်တင်ဘာ ၁၃ ရက် မှာ အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေမှာ ပြုလုပ်သွားမှာပါ။