Connect with us

Hi, what are you looking for?

သတင်း

အောင်လံမြို့နယ်တွင် စစ်အုပ်စု ဒေသကာကွယ်ရေးတပ်များ ခြုံခိုတိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၈ရက် နေ့လည် ၁နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)နှင့် သရက်ခရိုင် PDF တပ်ရင်း (၁)တို့၏ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အောင်လံမြို့နယ်တွင် စစ်အုပ်စု ဒေသကာကွယ်ရေးတပ်များ ခြုံခိုတိုက်ခိုက်
အောင်လံမြို့နယ်တွင် စစ်အုပ်စု ဒေသကာကွယ်ရေးတပ်များ ခြုံခိုတိုက်ခိုက်

မကွေးတိုင်း အောင်လံမြို့နယ် ကျွဲခေါင်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ လာမည်ဟု သတင်းကြိုရသောကြောင့် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုမှ လေးဦးသေဆုံးပြီး အရာရှိတစ်‌ဦး အပြင်းအထန်ဒဏ်ရာရကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၁၅ယောက် ‌‌ ကျွဲခေါင်းရွာကနေ အနောက်ဘက်ကို ထွက်လာတာ သတင်းရလို့ တိုက်တာပါ။တလုတ်ပင်‌ရွာက အုပ်ကြီးယောက်ဖရဲ့ ဆွမ်းသွပ်ကိုလာတာ။ အဲဒီကအပြန်မှာ စောင့်တိုက်တာပါ။” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၈ရက် နေ့လည် ၁နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)နှင့် သရက်ခရိုင် PDF တပ်ရင်း (၁)တို့၏ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ပြီး စစ်ဗိုလ်တစ်ဦးလည်းပြင်းထန် ဒဏ်ရာရရှိခဲ့ပါသည်။ ကျွန်ုပ်တို့တပ်ဖွဲ့ဝင်များ အထိခိုက်၊ အကျဆုံးမရှိခဲ့ပါ။ ဘေးကင်းရာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။”ဟု အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။