Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်လံမြို့နယ်တွင် စစ်အုပ်စု ဒေသကာကွယ်ရေးတပ်များ ခြုံခိုတိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၈ရက် နေ့လည် ၁နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)နှင့် သရက်ခရိုင် PDF တပ်ရင်း (၁)တို့၏ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အောင်လံမြို့နယ်တွင် စစ်အုပ်စု ဒေသကာကွယ်ရေးတပ်များ ခြုံခိုတိုက်ခိုက်
အောင်လံမြို့နယ်တွင် စစ်အုပ်စု ဒေသကာကွယ်ရေးတပ်များ ခြုံခိုတိုက်ခိုက်

မကွေးတိုင်း အောင်လံမြို့နယ် ကျွဲခေါင်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ လာမည်ဟု သတင်းကြိုရသောကြောင့် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုမှ လေးဦးသေဆုံးပြီး အရာရှိတစ်‌ဦး အပြင်းအထန်ဒဏ်ရာရကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၁၅ယောက် ‌‌ ကျွဲခေါင်းရွာကနေ အနောက်ဘက်ကို ထွက်လာတာ သတင်းရလို့ တိုက်တာပါ။တလုတ်ပင်‌ရွာက အုပ်ကြီးယောက်ဖရဲ့ ဆွမ်းသွပ်ကိုလာတာ။ အဲဒီကအပြန်မှာ စောင့်တိုက်တာပါ။” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၈ရက် နေ့လည် ၁နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)နှင့် သရက်ခရိုင် PDF တပ်ရင်း (၁)တို့၏ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ပြီး စစ်ဗိုလ်တစ်ဦးလည်းပြင်းထန် ဒဏ်ရာရရှိခဲ့ပါသည်။ ကျွန်ုပ်တို့တပ်ဖွဲ့ဝင်များ အထိခိုက်၊ အကျဆုံးမရှိခဲ့ပါ။ ဘေးကင်းရာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။”ဟု အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။