Connect with us

Hi, what are you looking for?

News

အောင်လံမှ PDF စခန်းငယ်တစ်ခုစီးနင်းခံရပြီးနည်းပညာတက္ကသိုလ်​ကျောင်းသားတစ်ဦးကျဆုံး

နိုဝင်ဘာလ ၁၉ ရက်နေ့ညပိုင်းက ဝင်ရောက်စီးနင်းခံခဲ့ရခြင်းဖြစ်ပြီး ကျဆုံးသူမှာ အသက် ၁၈ နှစ်အရွယ် မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သော သဲမိုး(ခ) ကိုမင်းခန့်သစ္စာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(ဓါတ်ပုံ- စစ်ကျွန်ဘဝမှ လွတ်​မြောက်ကာ ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံတည်​ထောင်​ရေးအတွက်ကြိုးပမ်းရင်း ပြည်သူများနှင့်နိုင်ငံ​တော်အတွက်အသပ်​ပေးလှူသွားသော ကိုမင်းခန့်သစ္စာ)

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် PDF စခန်းငယ်တစ်ခုဝင်စီးခံရပြီး နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦးကျဆုံးကာ နှစ်ဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံများက ​ပြောသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ညပိုင်းက ဝင်ရောက်စီးနင်းခံခဲ့ရခြင်းဖြစ်ပြီး ကျဆုံးသူမှာ အသက် ၁၈ နှစ်အရွယ် မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သော သဲမိုး(ခ) ကိုမင်းခန့်သစ္စာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(ဓါတ်ပုံ- စစ်ကျွန်ဘဝမှ လွတ်​မြောက်ကာ ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံတည်​ထောင်​ရေးအတွက်ကြိုးပမ်းရင်း ပြည်သူများနှင့်နိုင်ငံ​တော်အတွက်အသပ်​ပေးလှူသွားသော ကိုမင်းခန့်သစ္စာ)

အောင်လံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် မောင်မင်းခန့်သစ္စာသည် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီရန်မှ အောင်လံမြို့နယ်အတွင်းနေထိုင်သော ပြည်သူများအားကာကွယ်ရန်နှင့် မိမိသစ္စာပြုထားသော အမျိုးသားရေးနှင့် တော်လှန်ရေးအတွက် ၂၀၂၁ ခုနှစ်၊ နို၀င်ဘာလ ၂၀ ရက်နေ့တွင် နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ကြောင်း၊ အမျိုးသားတော်လှန်ရေးအတွက် မောင်မင်းခန့်သစ္စာ၏ ပေးဆပ်မှုအပေါ် ကျန်ရစ်သူမိသားစု၀င်များ၏ ဆုံးရှုံးမှုများကို မျှဝေခံစားရပါကြောင်း၊ မိမိတို့သည် မောင်မင်းခန့်သစ္စာ၏ မျှော်မှန်းခဲ့သည့် စစ်အာဏာရှင်ဖြုတ်ချရေး ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲ၀င်မည်ဖြစ်ကြောင်း တော်လှန်ရေးအတွက် မောင်မင်းခန့်သစ္စာ၏ ပေးဆပ်ခဲ့မှုများ စွမ်းဆောင်ခဲ့မှုများကို ဦးညွှတ်ဂုဏ်ပြုလျှက် မှတ်တမ်းတင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။