Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတုန်းမြို့နယ်မြေရဲစခန်းအား PDF တိုက်ခိုက်

သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force တပ် ဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက သရက်မြို့အခြေစိုက် ကပစ (၁၂)နှင့် ရေမျက်နယ်မြေရဲစခန်းတို့အား တိုက်ခိုက်ခဲ့သေးသည်။

(သရက်ခရိုင် တပ်ရင်း (၄) Eagle Forceမှ ရဲဘော်များအား တွေ့ရစဉ်)
(သရက်ခရိုင် တပ်ရင်း (၄) Eagle Forceမှ ရဲဘော်များအား တွေ့ရစဉ်)

▪️နှစ်ဦးသေဟု သရက်ခရိုင်တပ်ရင်း (၄)ပြော

မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ နယ်မြေရဲစခန်းတစ်ခုကို စခန်းနားအထိချဥ်းကပ်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDF တပ်ရင်း(၄) Eagle Forceမှ တာဝန်ရှိသူက ပြောသည်။

မင်းတုန်းမြို့နယ် အလယ်ချောင်းကျေးရွာရှိ စစ်ကောင်စီနယ်မြေရဲစခန်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၉)ည ၁၂နာရီက စခန်းအနီးသွားရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးသွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ ချဥ်းကပ်ပြီးစပစ်တော့ သူတို့ ပြန်ပစ်တယ်။ အပြန်အလှန် ၁၅ မိနစ်လောက် ပစ်ပြီး ကျွန်တော်တို့ ပြန်ဆုတ်ခဲ့တယ်။ သိပ်အပြင်အထန်တော့ မတိုက်လိုက်ရဘူး “ဟု သရက်ခရိုင် တပ်ရင်း (၄) Eagle Force မှ တာ ဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ အတည်ပြုနိုင်ခဲ့သော်လည်း ယင်းအခြေအနေအား စစ်ကောင်စီတပ်က ဖုံးကွယ်ထားကာ သတင်းထိန်ချန်ထားသည်ဟု တပ်ရင်း (၄)မှ တာ ဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force တပ် ဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက သရက်မြို့အခြေစိုက် ကပစ (၁၂)နှင့် ရေမျက်နယ်မြေရဲစခန်းတို့အား တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။