Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် မြို့ရှောင်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၃ ဦးသေဆုံး

ယာဉ်တိုက်မှု မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ မိုးစေတနာပရဟိတအသင်းရဲ့ ဓာတ်ပုံတွေအရ ဟိုက်ဂျက်ကားရဲ့ ခေါင်းခန်းဟာ ပိပြားသွားတာတွေ့ရပါတယ်။

နေပြည်တော် မြို့ရှောင်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၃ ဦးသေဆုံး
နေပြည်တော် မြို့ရှောင်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၃ ဦးသေဆုံး

နေပြည်တော်မြို့ရှောင်လမ်းမှာ တွဲကား နဲ့ ဟိုက်ဂျက်ကားတို့ တိုက်မိပြီး ဟိုက်ဂျက်ကားပေါ်မှာ လိုက်ပါလာသူ အမျိုးသား ၃ ဦး သေဆုံးသွားပါတယ်။

ဒီယာဉ်တိုက်မှုဟာ မနေ့ည ၁၀ နာရီခန့်ကဖြစ်ပွားတာဖြစ်ပြီး ဟိုက်ဂျက်ကား ခေါင်းခန်းမှာလိုက်ပါလာသူ အမျိုးသား ၃ ဦး ဟာ ညှပ်ပြီး သေဆုံးသွားတာလို့သိရပါတယ်။

ယာဉ်တိုက်မှု မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ မိုးစေတနာပရဟိတအသင်းရဲ့ ဓာတ်ပုံတွေအရ ဟိုက်ဂျက်ကားရဲ့ ခေါင်းခန်းဟာ ပိပြားသွားတာတွေ့ရပါတယ်။

သေဆုံးသွားသူ အမျိုးသား ၃ ဦးဟာ အသက် ၄၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး ရုပ်အလောင်းတွေကို နေပြည်တော် ဆေးရုံဆီပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။