Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော်သို့ သွယ်တန်းထားသည့် လျှပ်စစ် တာဝါတိုင် ၉ခုကိုဖောက်ခွဲဖျက်ဆီးခဲ့ဟု KNDF အသိပေး

ယခင်ကလည်း ဖယ်ခုံမြို့နယ်အတွင်းရှိ လျှပ်စစ် တာဝါတိုင်များကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ တိုက်ခိုက်ဖျက်ဆီးမှုအချို့ရှိခဲ့သည်။

ဖျက်ဆီးဖြိုလှဲခဲ့သော လျှပ်စစ်တာဝါတိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF
ဖျက်ဆီးဖြိုလှဲခဲ့သော လျှပ်စစ်တာဝါတိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF

အာဏာသိမ်း စစ်ကောင်စီအဖွဲ့ရုံးများစိုက်ရာ နေပြည်တော်သို့ သွယ်တန်းထားသည့် လျှပ်စစ် တာဝါတိုင် ၉ခုကို ကရင်နီ၏အမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်းအမှတ်(၁၁) မှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အဆိုပါတပ် ဖယ်ခုံဇုန်က ထုတ်ပြန်သည်။

ထိုသို့ ထုတ်ပြန်ရာတွင် မဟာဓာတ်အားလိုင်း သွယ်တန်းရာ တာဝါတိုင်အချို့ကို မိုင်းခွဲ ဖြိုလှဲခဲ့သည့် ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြခဲ့သည်။

ဖျက်ဆီးဖြိုလှဲခဲ့သော လျှပ်စစ်တာဝါတိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF
ဖျက်ဆီးဖြိုလှဲခဲ့သော လျှပ်စစ်တာဝါတိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ – KNDF

“ ကျွန်တော်တို့မြေပေါ်မှာ ဂုတ်သွေးစုပ်ရပ်တည်ပြီး လူတစ်စုဆီအလင်းရအောင်ပို့ပေးတဲ့ လျှပ်စစ်မီးများ အဓွန့်မရှည်စေရ။ စစ်တပ်ထောက် တိုင်မှန်သမျှ ဖျက်စီးကြ။ စစ်အုပ်ချုပ်ရေး အလိုမရှိ။ အဆုံးထိ တော်လှန်ကြ။ တိုက်ခိုက်ကြ။” ဟု KNDF ဖယ်ခုံဇုန်က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ယခင်ကလည်း ဖယ်ခုံမြို့နယ်အတွင်းရှိ လျှပ်စစ် တာဝါတိုင်များကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ တိုက်ခိုက်ဖျက်ဆီးမှုအချို့ရှိခဲ့သည်။

KNDF တပ်ရင်း (၁၁)သည် ဖယ်ခုံအခြေစိုက် တပ်ရင်းတစ်ခု ဖြစ်သည်။

You May Also Like

သတင်း

(၄၀)မမ ကို ကယန်းဘာသာဖြင့်(Boung Khu)၊ မြန်မာ ဘာသာဖြင့်(ငှက်ပျောဖူး)အစရှိ၍ အမည်ပေးထားပြီး ဗုံးသီးတစ်လုံး၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ် ငါးသောင်း ရှိမည်ဟု ဆိုသည်။

သတင်း

ယနေ့ မတ် ၂၆ ရက်ညနေပိုင်းက နေပြည်တော် စစ်ရေးပြကွင်းနေရာနှင့် သာဝတ္ထိနှင့် ရေနီကြားရှိ လေ့ကျင့်ရေး (၅)တပ်ဝန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

သတင်း

စခန်းအား စွန့်ခွာခဲ့ရစဥ် စစ်ကောင်စီတပ်များက တဲငါးလုံးနှင့် ရိက္ခာအနည်းငယ် မီးရှို့ဖျက်ဆီးခံရပြီး လက်လုပ်ဘောက်ကာ (၁၀)လုံး ဆုံးရှုံးသွားသည်ဟု ဆိုသည်။

သတင်း

ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ့ - ကျင်ဒွေး- မကွီးအိမ်နုးမြို့ကို အဓိကဆက်သွယ်ထားသော ယင်းလမ်းပိုင်းအား ယာယီပိတ်လိုက်ကြောင်းကို ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletက ယနေ့ (မတ်လ၂၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။