Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်သို့ သွယ်တန်းထားသည့် လျှပ်စစ် တာဝါတိုင် ၉ခုကိုဖောက်ခွဲဖျက်ဆီးခဲ့ဟု KNDF အသိပေး

ယခင်ကလည်း ဖယ်ခုံမြို့နယ်အတွင်းရှိ လျှပ်စစ် တာဝါတိုင်များကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ တိုက်ခိုက်ဖျက်ဆီးမှုအချို့ရှိခဲ့သည်။

ဖျက်ဆီးဖြိုလှဲခဲ့သော လျှပ်စစ်တာဝါတိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF
ဖျက်ဆီးဖြိုလှဲခဲ့သော လျှပ်စစ်တာဝါတိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF

အာဏာသိမ်း စစ်ကောင်စီအဖွဲ့ရုံးများစိုက်ရာ နေပြည်တော်သို့ သွယ်တန်းထားသည့် လျှပ်စစ် တာဝါတိုင် ၉ခုကို ကရင်နီ၏အမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်းအမှတ်(၁၁) မှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အဆိုပါတပ် ဖယ်ခုံဇုန်က ထုတ်ပြန်သည်။

ထိုသို့ ထုတ်ပြန်ရာတွင် မဟာဓာတ်အားလိုင်း သွယ်တန်းရာ တာဝါတိုင်အချို့ကို မိုင်းခွဲ ဖြိုလှဲခဲ့သည့် ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြခဲ့သည်။

ဖျက်ဆီးဖြိုလှဲခဲ့သော လျှပ်စစ်တာဝါတိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF
ဖျက်ဆီးဖြိုလှဲခဲ့သော လျှပ်စစ်တာဝါတိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ – KNDF

“ကျွန်တော်တို့မြေပေါ်မှာ ဂုတ်သွေးစုပ်ရပ်တည်ပြီး လူတစ်စုဆီအလင်းရအောင်ပို့ပေးတဲ့ လျှပ်စစ်မီးများ အဓွန့်မရှည်စေရ။ စစ်တပ်ထောက် တိုင်မှန်သမျှ ဖျက်စီးကြ။ စစ်အုပ်ချုပ်ရေး အလိုမရှိ။ အဆုံးထိ တော်လှန်ကြ။ တိုက်ခိုက်ကြ။”ဟု KNDF ဖယ်ခုံဇုန်က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ယခင်ကလည်း ဖယ်ခုံမြို့နယ်အတွင်းရှိ လျှပ်စစ် တာဝါတိုင်များကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ တိုက်ခိုက်ဖျက်ဆီးမှုအချို့ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

KNDF တပ်ရင်း (၁၁)သည် ဖယ်ခုံအခြေစိုက် တပ်ရင်းတစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မှာ ဧပြီလအတွင်း မီးပျက်ချိန်များခဲ့ပေမယ့် မီတာခတွေ တော့ အရင်လတွေထက် သိသိသာသာတိုးသွားတာကြောင့် စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူတွေက ဝေဖန်နေကြပါတယ်။

ဆောင်းပါး

အဲဒီနေ့ကတောင်ညိုလမ်းမှာမိုးတွေအုံ့နေခဲ့တယ်။ မှိုင်းပျပျ မိုးသားနောက်ခံနဲ့အတူ ဝါးလုံးစိမ်းတွေအပြည့်တင်ဆောင်လာတဲ့ကားတစ်စီးဟာ ချောက်ထဲထိုးကျနေခဲ့တယ်။ ဝါးတွေဟာ ပြန့်ကျဲနေသလို ချောက်ထဲမှာလည်း လူတွေဟာ ပိုးလိုးပက်လက် လဲကျနေခဲ့တယ်။