Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် ရွာသစ်ကြီးစခန်းမှူးနှင့်အဖွဲ့ပါလာသည့်ယာဥ်အားပစ်ခတ်တိုက်ခိုက်၊ နှစ်ဦးထက်မနည်းသေဟု PDF ပြော

ယနေ့(ဖေဖော်ဝါရီ၁၁ရက်) နံနက်၈နာရီခန့်က ရွာသစ်ကြီးစခန်းမှူးနှင့် စစ်သားနှင့်ရဲ လေးဦး လိုက်ပါလာသော ယာဥ်အား ရွာသစ်ကြီးစံပြကျေးရွာနှင့် နက်ခရိုင်ကြားတွင် တော်လှန်ရေးရဲဘော်များက လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စခန်းမှူးလိုက်ပါလာသည့်ကားအား ချောင်းမြောင်းတိုက်ခိုက်နေစဥ်၊ ဓာတ်ပုံ - PAFD
စခန်းမှူးလိုက်ပါလာသည့်ကားအား ချောင်းမြောင်းတိုက်ခိုက်နေစဥ်၊ ဓာတ်ပုံ - PAFD

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ရွာသစ်ကြီးနယ်မြေစခန်းမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော မတ်တူးယာဥ်အား ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးထက်မနည်းသေဆုံးကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့(ဖေဖော်ဝါရီ၁၁ရက်) နံနက်၈နာရီခန့်က ရွာသစ်ကြီးစခန်းမှူးနှင့် စစ်သားနှင့်ရဲ လေးဦး လိုက်ပါလာသော ယာဥ်အား ရွာသစ်ကြီးစံပြကျေးရွာနှင့် နက်ခရိုင်ကြားတွင် တော်လှန်ရေးရဲဘော်များက လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ယာဥ်ပေါ်ပါ ရဲများ ဒဏ်ရာရသေဆုံးမှုရှိကြောင်း၊ တော်လှန်ရေးရဲဘော်များ၏လက်နက် ချို့ယွင်းသွားသောကြောင့် ကားမောင်းသမားက စခန်းသို့ပြန်လှည့်မောင်းသွားခဲ့၍ လက်နက်များမသိမ်းနိုင်ခဲ့ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“သူတို့က ကံတလူတိုးဂိတ်ဘက်ကို ဘာကိစ္စရယ်မသိဘူး။ဝေစုသွားသွားခွဲတယ်ကြားတာပဲ။ ကားကို ထိုးရပ်သွားတယ်။ ထိုးရပ်သွားတဲ့အချိန် ​ပွဲသိမ်းခါနီးမှာ အော်တိုနှစ်လတ်လုံးက ဂျန့်ဖြစ်သွားတာနဲ့ သူတို့က နောက်ပြန်ဆုတ်ပြီး ထွက်ပြေးသွားတာ။ တကယ်တမ်းအချိန်ရတယ်။ ဟိုလိုဆိုရင် ပစ္စည်းတွေပါရတယ်။နှစ်ယောက်ကတော့ သေချာတယ်။ ကားသမားတစ်ယောက်ပဲ ကျန်နိုင်တယ်။”ဟု PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ပြီးနောက် ရွာသစ်ကြီးဘက်မှ စစ်ကောင်စီကားနှစ်စီးရောက်လာပြီး ပိုက်စိပ်တိုက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို People’s Army to Fight Dictatorship (PAFD)နှင့် PAFDတပ်ခွဲDK PDF-MMUတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်ကိုင်းမြို့နယ်အတွင်းရှိ ညောင်ပင်ဝန်းရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။