Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် ကျေးရွာများမီးရှို့သည့် စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ရာ လေးဦးသေဟုဆို

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင်လည်း ငွေသာရွာကို ထပ်မံမီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်နေစဉ်)
(စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ​ငွေသာကျေးရွာ မီးရှို့ဖျက်ဆီးလာသော စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ရာလေးဦးသေဆုံးကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) ဓားမဆိုင်းတပ်မတော်(D.M.S.A)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၉ ရက်က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သားများ နှင့်ပျူစောထီးများသည် မွန်းလွဲပိုင်းတွင် ဆားလင်းကြီးမြို့နယ်ရှိ ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် ညနေ ၄နာရီခန့်တွင် ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) ဓားမဆိုင်းတပ်မတော် (D.M.S.A)က ဦးဆောင်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂နာရီကျော်ကြာ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း DMSA က အသိပေးသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ပြည်သူ့ရဲဘော်များနောက်ဆုတ်ခဲ့ကြောင်း၊ တိုက်ခိုက်မှု​ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း DMSA၏ ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်ကို ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) ဓားမဆိုင်းတပ်မတော်(D.M.S.A) ဦးဆောင်ပြီးယင်းမာပင်ခရိုင်တပ်ရင်း(၁၁) ကျားသစ်နက်တပ်မတော်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ DMSAထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထို့အပြင် ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင်လည်း ငွေသာရွာကို ထပ်မံမီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

“ငွေသာရွာသစ်ကို ၉ ရက်နေ့ နေ့လယ် ၁ နာရီလောက် မှာ မီးရှို့တယ်။ ငွေသာရွာဟောင်းကိုကျ ၁၀ ရက်နေ့ မနက် ၈ နာရီလောက်မှာ မီးရှို့သွားတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၃ ရက်ကလည်း ပုလဲမြို့နယ်၊ အေးကုန်းကျေးရွာမှ ဆားလင်းကြီးမြို့နယ် ကျေးရွာများအား စစ်ကြောင်းထိုးပြီး ဆားလင်းကြီးမြို့ပေါ်သို့ တက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပဒေသာမိုင်း(၃)လုံးဖြင့်ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၇ဦး သေ​ဆုံးကြောင်း ဓားမဆိုင်းတပ်မတော် (D.M.S.A)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။