Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တ​လေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်

ဖေဖော်ဝါရီ ၇ ရက်ကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် ​မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းဘက်သို့ ထွက်လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် ရပ်တန့်နေစဥ်၊ ဓာတ်ပုံ-Local PDF
ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် ရပ်တန့်နေစဥ်၊ ဓာတ်ပုံ-Local PDF

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဥ်တစ်စီး ထိမှန်ခဲ့ကြောင်း People’s Defence Force – South Monywa၏ တာဝန်ခံ ဒေါင်းကာရန်က ပြောကြားသည်။

ယနေ့ (ဖေဖော်ဝါရီ၁၂ ရက်)နံနက် ၄ နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ မုံရွာမြို့မှထွက်လာသော ယာဉ်ကြီး ခြောက်စီးပါ ယာဥ်တန်းအား မိုင်းပွိုင့်ပေါ်အရောက် ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa ၏ တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် သုံးစီးမြောက်ကားအား ထိ၍ ယာဉ်မှာဘော်ဒီတစ်ခြမ်းထိသွားကြောင်း၊ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြေအနေအားစုံစမ်းနေကြောင်း အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“တစ်စီးကို၂၀ ကျော်လောက်ပါတယ်ဗျ။ ကားတစ်ခြမ်းစုတ်သွားတယ်။ ရပ်တော့မရပ်ဘူးဗျ။ မိုင်းဆွဲလိုက်တော့ ဆွဲတယ်ထင်တဲ့ဘက်ကို တောက်လျှောက်ရမ်းပစ်တာ။”ဟု PDF-South Monywa ၏ တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၁၁) တပ်ရင်း PDF-South Monuwa နှင့်အတူ Monywa People’s Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ ၇ ရက်ကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် ​မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းဘက်သို့ ထွက်လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။