Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တ​လေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်

ဖေဖော်ဝါရီ ၇ ရက်ကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် ​မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းဘက်သို့ ထွက်လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် ရပ်တန့်နေစဥ်၊ ဓာတ်ပုံ-Local PDF
ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် ရပ်တန့်နေစဥ်၊ ဓာတ်ပုံ-Local PDF

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဥ်တစ်စီး ထိမှန်ခဲ့ကြောင်း People’s Defence Force – South Monywa၏ တာဝန်ခံ ဒေါင်းကာရန်က ပြောကြားသည်။

ယနေ့ (ဖေဖော်ဝါရီ၁၂ ရက်)နံနက် ၄ နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ မုံရွာမြို့မှထွက်လာသော ယာဉ်ကြီး ခြောက်စီးပါ ယာဥ်တန်းအား မိုင်းပွိုင့်ပေါ်အရောက် ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa ၏ တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် သုံးစီးမြောက်ကားအား ထိ၍ ယာဉ်မှာဘော်ဒီတစ်ခြမ်းထိသွားကြောင်း၊ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြေအနေအားစုံစမ်းနေကြောင်း အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“တစ်စီးကို၂၀ ကျော်လောက်ပါတယ်ဗျ။ ကားတစ်ခြမ်းစုတ်သွားတယ်။ ရပ်တော့မရပ်ဘူးဗျ။ မိုင်းဆွဲလိုက်တော့ ဆွဲတယ်ထင်တဲ့ဘက်ကို တောက်လျှောက်ရမ်းပစ်တာ။”ဟု PDF-South Monywa ၏ တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၁၁) တပ်ရင်း PDF-South Monuwa နှင့်အတူ Monywa People’s Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။