Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့တွင် မိုင်းကွဲသည့်ပျူခေါင်းဆောင် နေအိမ် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ် မိုင်းထပ် ကွဲ၍ စစ်သားတစ်ဦးသေဆုံး

ပျူများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်း၍ အလင်းဝင်သွားကြရန်နှင့် အလင်းမဝင်ပါက မိမိတို့၏ နေအိမ်များအတွင်း အချိန်မရွေး ပေါက်ကွဲမှု ဖြစ်ပွားနိုင်ကြောင်း မြိုင်(ပ.က.ဖ)က သတိပေးသည်။

အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြိုင်ပကဖ
အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ-မြိုင်ပကဖ

မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် ပျူခေါင်းဆောင် အိမ် မိုင်းကွဲ၍ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ လာရောက်စစ်ဆေးစဥ် မိုင်းထပ်ကွဲရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း မြိုင်ပကဖခေါင်းဆောင် ကိုလယျာ်က ​ပြောသည်။

မြိုင်မြို့အနောက်ဘက် ပျူခေါင်းဆောင် ထိန်လင်း၏ နေအိမ်၌ မြိုင်(ပ. က.ဖ)တပ်ရင််း – ၁က ဗိုလ်မိုက်ခဲ ဦးဆောင်၍ ဖေဖော်ဝါရီရ၁ဝ ရက်က ထောင်ထားခဲ့သော မိုင်းမှာ ယနေ့ (ဖေဖော်ဝါရီလ ၁၂ရက်) နံနက်ပိုင်းတွင် ပေါက်ကွဲခဲ့သည်။

“ဒီကောင်က နဂိုက စစ်မှူထမ်း။ စစ်မှူထမ်းကနေ ပျူခေါင်းဆောင်လုပ်တာကြာပြီ။ သူသတင်းပေးလို့မိတာတွေကော သူဖမ်းလို့မိတာတွေကော ပြည်သူတွေက တော်တော်များနေပြီ။ ဒီကောင်တွေက အိမ်မနေရဲဘူး။ ကျွန်တော်တို့က ၁၀ ရက်နေ့က မြိုင်မြို့ထဲကိုဝင်ပြီးတော့ သူ့အိမ်ကိုမိုင်းဝင်ထောင်ခဲ့တာ။”ဟု ကိုလယျာ်က ပြောသည်။

Public Service Announcement
Public Service Announcement

မိုင်းကွဲရာ ပျူခေါင်းဆောင်နေအိမ်သို့ စစ်ကောင်စီတပ်နှင့်ပျူများက မိုင်းလာရောက်ရှင်းလင်းစဉ် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ကျန်ရှိသောမိုင်းမှာ ပေါက်ကွဲခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလယျာ်က ​ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့မိုင်းရှင်းလာဦးမှာဆိုတာသိလို့ မိုင်းချန်ခဲ့တာ။ ချန်ခဲ့တဲ့မိုင်းကိုသူတို့ကမသိဘူး။ သူတို့ရောက်တဲ့အချိန်ထကွဲတာ။”ဟု ၎င်းက ဆိုသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး၍ စစ်သား တစ်ဦးနှင့် ပျူ တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း အတွင်းသတင်းအရ သိရကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

ထိခိုက်သေဆုံးသူများအား နာရေးကူညီမှုကားများဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း၊ မိုင်းကွဲသည့် ပျူအိမ်ကိုလည်း မီးရှို့သွားကြောင်း သိရသည်။

ပျူများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်း၍ အလင်းဝင်သွားကြရန်နှင့် အလင်းမဝင်ပါက မိမိတို့၏ နေအိမ်များအတွင်း အချိန်မရွေး ပေါက်ကွဲမှု ဖြစ်ပွားနိုင်ကြောင်း မြိုင်(ပ.က.ဖ)က သတိပေးသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ စစ်ကောင်စီ၏ လက်န​က်တ​ပ်ဆင်ပေးထားသည့် ပြည့်သူ့စစ်ခေါ် ပျူစောထီးအဖွဲ့များအား စစ်ကောင်စီတပ်နည်းတူ ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ချေမှူန်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။