Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ယခုလ ၁၀ရက်အတွင်း စစ်ကောင်စီတပ် ၄၅ဦးထက်မနည်းသေ၊ လက်နက် ၅၀ကျော်ရဟု ထုတ်ပြန်

ဖေဖော်ဝါရီ ၁ရက်မှ ၁၁ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကို ထုတ်ပြန်ခဲ့ရာ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

တိုက်ပွဲများအတွင်း ချင်းပူးပေါင်းတပ်မှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - The Chin Journal
တိုက်ပွဲများအတွင်း ချင်းပူးပေါင်းတပ်မှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - The Chin Journal

▪️ချင်းပူးပေါင်းတပ်မှ သုံးဦးကျဆုံး

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် ဒေသတွင်း ချင်းကာကွယ်ရေးတပ်(CDF)တပ်များ၏ တိုက်ခိုက်မှုကြောင့် ယခု ဖေဖော်ဝါရီအတွင်း စစ်ကောင်စီတပ်မှ ၄၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း CNFက သတင်းထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၁ရက်မှ ၁၁ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကို ထုတ်ပြန်ခဲ့ရာ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

CAN တပ်မဟာ(၁)နယ်မြေ မတူပီနှင့် ရေဇွာမြို့ အကြား ဇိုတုန်ဒေသတွင် ဖေဖော်ဝါရီ ၄ရက်က အင်အား ၁၃၀ကျော်ရှိ စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့အကြား ၆ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ဦးထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း ချင်းပူးပေါင်းတပ်မှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - The Chin Journal
တိုက်ပွဲများအတွင်း ချင်းပူးပေါင်းတပ်မှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ – The Chin Journal

အဆိုပါ ဒေသတွင် ဇန်နဝါရီ ၂၀ရက် နောက်ပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားနေခဲ့ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားပြီး CNF/CDF ရဲဘော်အချို့ ကျဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

CANတပ်မဟာ(၃)နယ်မြေဖြစ်သည့် ထန်တလန်မြို့တွင်လည်း ဖေဖော်ဝါရီ ၁ရက်က စစ်ကောင်စီတပ်သားနှင့် ရဲ ၆ဦးကို ချင်းပူးပေါင်းတပ်က လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။ ထို့ပြင် ဖေဖော်ဝါရီ ၈ရက်တွင် ထန်တလန် ရဲစခန်းနှင့် ထွေအုပ်ရုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ထန်တလန်ရဲစခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး လေးဦး သေဆုံးခဲ့ပြီး လက်နက် ၄၂လက်ရရှိခဲ့ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ဖေဖော်ဝါရီ ၄ရက်ကလည်း CAN တပ်မဟာ (၄)နယ်မြေ Laitui ကျေးရွာအနီးရှိ ရိက္ခာသယ်ယူနေသော CNA နှင့် CDF ဟွာငိုရမ် ရဲဘော်များကို စစ်ကောင်စီ၏ လက်ပါးစေ ZRA က ချုံခိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ZRA ဘက်က တစ်ဦးကျဆုံးကာ နှစ်ဦး ဒဏ်ရာရသည်ဟု ဖော်ပြသည်။

ယခုလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁ရက်မှ ၁၂ရက်အထိ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ၁၀ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ဟားခါးဗျူဟာကုန်းမှလည်း ထန်တလန်ဘက်သို လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း CNFက ထုတ်ပြန်သည်။

ဖေဖော်ဝါရီအတွင်း တိုက်ပွဲများ၌ ချင်းပူးပေါင်းတပ်မှ သုံးဦးကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ