Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတ​ပ် လက်နက်ကြီးဖြင့်ရမ်းပစ်၍ ကလေးငယ်တစ်ဦးမျက်လုံးထိမှန်

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၉နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ ဘောလုံးကွင်းထဲက စစ်ကောင်စီတပ်သားများသည် (၁၂၀)မမ လက်နက်ကြီးတ​ပ်ဆင်ထားပြီး အနောက်တကြောသို့ လက်နက်ကြီးဖြင့် ၅ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်။

မျက်လုံး လက်နက်ကြီးထိခဲ့သော ကလေးငယ် အား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
မျက်လုံး လက်နက်ကြီးထိခဲ့သော ကလေးငယ် အား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

▪️အမျိုးသမီး တစ်ဦးလည်းထိမှန်၍ အသက်အန္တရာယ်စိုးရိမ်နေရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့၍ ကျေးရွာနှစ်ရွာပေါ်သို့ ကျရောက်ပေါက် ကွဲပြီး ကလေးတစ်ဦးအပါအဝင် ပြည်သူ သုံးဦးကျည်စထိမှန်ကာ တစ်ဦးအသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၉နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ ဘောလုံးကွင်းထဲက စစ်ကောင်စီတပ်သားများသည် (၁၂၀)မမ လက်နက်ကြီးတ​ပ်ဆင်ထားပြီး အနောက်တကြောသို့ လက်နက်ကြီးဖြင့် ၅ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဒီပဲယင်းကွဲကျေးရွာနှင့် မြင်းမူမြို့နယ် ဂုံညင်းဆိပ်ကျေးရွာဘက်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ဂုံညင်းဆိပ်ရွာတောင်​ပိုင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ခဲ့မှုတွင် ပြည်သူ သုံးဦး ထိခိုက်ခဲ့ကြောင်း၊ အဆိုပါ သုံးဦးအနက် အသက်(၇) နှစ် အရွယ် မိန်းကလေးမှာ ဘယ်ဘယ်မျက်လုံး လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး ဦးခေါင်းကိုပါ ထိခိုက်ခဲ့ကြောင်း၊ ထို့အပြင် အသက် (၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးစထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကလေးက မျက်လုံးတောင် ကျွတ်တယ်ပြောတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ၁၀ ရက် နံနက် ၁၀နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာနှင့် ဆားတောင်ကြား ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် ကြွယ်ပုံရွာ ပျူစောထီးကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၎င်းတို့ရမ်းသမ်းပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦး ခြေထောက်ကျည်ထိမှန်ခဲ့ပြီး နွား‌ ၄ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကြွယ်ပုံရွာပျူစောထီးများသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ အနီးဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုးဖမ်းဆီးသတ်ဖြတ်မှုများလည်း ပြုလုပ်နေပြီး ဇန်နဝါရီ ၆ ရက်ကလည်း ဒီပဲယင်းကွဲရွာသို့ဝင်ရောက်ကာ ဆရာတော်သံဃာတော်တစ်ပါးအပါအဝင် လေးဦးကိုသတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။