Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြေစာပုံပြိုကျမှုသေဆုံးသူ ခြောက်ဦးအထိရှိလာ

ဖားကန့်တွင် ဇန်နဝါရီ ၃၀ရက်ကလည်း ပေ တစ်ရာခန့်မြင့်သော ကျောက်ကမ်းပါးယံတစ်ခုပြိုကျပြီးရေမဆေးကျောက်ရှာသူ (၄) ဦးသေဆုံးခဲ့သည်။

(​မြေစာပုံပြိုကျ၍ ​ပျောက်ဆုံး​နေသူများကိုရှာ​ဖွေကယ်ဆယ်​ရေးပြု​နေကြစဥ်။ ။ဓါတ်ပုံ-CJ)
(​မြေစာပုံပြိုကျ၍ ​ပျောက်ဆုံး​နေသူများကိုရှာ​ဖွေကယ်ဆယ်​ရေးပြု​နေကြစဥ်။ ။ဓါတ်ပုံ-CJ)

ဖားကန့်မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ခြောက် ဦးအထိရှိလာပြီး ပျောက်ဆုံးနေသူအချို့ရှိနေသေးကြောင်း ဒေသခံများကပြောသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေမှော်တွင် ဖေဖော်ဝါရီ ၁၂ရက်ညက ပေ ၃၀၀ ခန့်အမြင့်ရှိသည့်မြေစာပုံပြိုကျခဲ့သည်။ယမန်နေ့( ဖေဖော်ဝါရီ ၁၄ရက်)ညအထိ ရှာဖွေမှုတွင် ရုပ်အလောင်း ခြောက်လောင်းတွေ့ရှိထား​ကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်နေသူများကပြောသည်။

(​မြေစာပုံပြိုကျ၍ ​ပျောက်ဆုံး​နေသူများကိုရှာ​ဖွေကယ်ဆယ်​ရေးပြု​နေကြစဥ်။ ။ဓါတ်ပုံ-CJ)
(​မြေစာပုံပြိုကျ၍ ​ပျောက်ဆုံး​နေသူများကိုရှာ​ဖွေကယ်ဆယ်​ရေးပြု​နေကြစဥ်။ ။ဓါတ်ပုံ-CJ)

” အလောင်းက ခြောက်လောင်းရှိပြီ။ ဆက်ရှိနေနိုင်သေးလို့ ရှာနေကြဆဲပါ” ဟုရှာဖွေကယ်ဆယ်ရေးလုပ်နေသူများတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

မြေစာပုံပြိုကျမှုဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာဖွေသူ ၁၀ ဦး ထက်မနည်း မြေပိပျောက်ဆုံးသွားကြောင်း ဒေသခံများကပြောကြားသော်လည်းယင်းထက်ပင်များနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

Public Service Announcement

Public Service Announcement

ဖားကန့်တွင် ဇန်နဝါရီ ၃၀ရက်ကလည်း ပေ တစ်ရာခန့်မြင့်သော ကျောက်ကမ်းပါးယံတစ်ခုပြိုကျပြီးရေမဆေးကျောက်ရှာသူ (၄) ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။