Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံဒိုင်းမွန်းပလာဇာမှာ အခွန်မဆောင်တဲ့ ဆိုင်ခန်းတွေ သိမ်းခံရမယ်လို့ သတိပေး

စည်ပင်အခွန်မဆောင်တဲ့ ဆိုင်ခန်းပိုင်ရှင်တွေဟာ တစ်ပတ်အတွင်း ဆိုင်ပြန်အပ်ရမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာကနေ တဆင့် ဖေဖော်ဝါရီလ ၁၁ ရက်က သတိပေးတာပါ။

ရတနာပုံဒိုင်းမွန်းပလာဇာမှာ အခွန်မဆောင်တဲ့ ဆိုင်ခန်းတွေ သိမ်းခံရမယ်လို့ သတိပေး
ရတနာပုံဒိုင်းမွန်းပလာဇာမှာ အခွန်မဆောင်တဲ့ ဆိုင်ခန်းတွေ သိမ်းခံရမယ်လို့ သတိပေး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မှာ ရှိတဲ့ ရတနာပုံ ဒိုင်းမွန်း ပလာဇာ မှာ ဆိုင်ခန်းပိုင်ရှင်တွေ စည်ပင်အခွန် မဆောင်ကြတဲ့အတွက် ဆိုင်ပြန်သိမ်းမယ်လို့ အဲဒီပလာဇာ စီမံခန့်ခွဲမှု ကော်မတီက စာထုတ်လာပါတယ်။

စည်ပင်အခွန်မဆောင်တဲ့ ဆိုင်ခန်းပိုင်ရှင်တွေဟာ တစ်ပတ်အတွင်း ဆိုင်ပြန်အပ်ရမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာကနေ တဆင့် ဖေဖော်ဝါရီလ ၁၁ ရက်က သတိပေးတာပါ။

ဆိုင်ခန်းပိုင်ရှင်တွေဟာ သဘောတူစာချုပ်မှာ ပါတဲ့ စည်ပင် အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးရဲ့ အခွန်အခတွေကိုမပျက်မကွက်ပေးဆောင်ပါမယ်ဆိုတဲ့ ကတိ ပျက်ကွက်တယ်လို့ ပလာဇာ စီမံခန့်ခွဲမှု ကော်မတီကဆိုပါတယ်။

ဒါအပြင် ဆိုင်ခန်းတွေ ကို ပြန်လည် ဖွင့်တာမရှိတဲ့အတွက် မန္တလေး စည်ပင်ရဲ့ပုံရိပ်ကို ထိခိုက်စေတယ်လို့ သတိပေးစာထဲမှာ ဖတ်ရပါတယ်။

Public Service Announcement

Public Service Announcement

” ဈေးဝယ်လည်းမလာတဲ့အတွက် မဖွင့်တာပါ၊ မရောင်းရလို့မဖွင့်ကြတာ” လို့ ဒိုင်းမွန်းပလာဇာဆိုင်ခန်းပိုင်ရှင်တစ်ဦးနဲ့ နီးစပ်သူကပြောပါတယ်။

ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီးနောက် ဈေးဝယ်ယူနည်းပါးလာတဲ့အတွက် ဆိုင်ခန်းတွေအားလုံးနီးပါးပိတ်ထားရတာလို့လည်း အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

ရတနာပုံဒိုင်းမွန်းပလာဇာ ဟာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ပုဂ္ဂလိကကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောက်လုပ်ခဲ့တဲ့အဆောက်အအုံဖြစ်ပါတယ်။

ဆိုင်ခန်းပေါင်း ၄၀၀နီးပါးရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

ကျင့်ဝတ်မဲ့စွာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ထုတ်ဖော် အသိပေးထားသည်။

သတင်း

သတိပေးချက်အား မလိုက်နာပါက ၎င်းတို့ကို စစ်သား၊ ရဲများနှင့် တန်းတူမှတ်ယူ၍ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

သတင်း

မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃.၄ သန်းလောက်ထိ ရှိရာမှာ ၄၀ ရာခိုင်နှုန်း နီးပါးက အသက်မပြည့်သေးတဲ့ ကလေးတွေ ဖြစ်ပါတယ်။