Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မှာ အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးလာချိန် ပစ်သတ်ခံရ

ဒေသခံအချို့ဆီက သိရတာကတော့ စစ်ကောင်စီတပ်ဟာ ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာအနီးက အမျိုးသမီး ၂ ဦးကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

မန္တလေး မှာ အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးလာချိန် ပစ်သတ်ခံရ
မန္တလေး မှာ အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးလာချိန် ပစ်သတ်ခံရ

မန္တလေး ၊ ချမ်းမြသာစည်မြို့နယ် မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး မြို့လယ်ခေါင်မှာ ပစ်သတ်ခံလိုက်ရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မနေ့ က မနက်ပိုင်း ၆ နာရီဝန်းကျင်ချမ်းမြသာစည်မြို့နယ် ထဲက ၇၉ လမ်းနဲ့ ၄၆ လမ်း ထောင့်မှာ ရွှေဘုန်းရှိန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းဟာ ပစ်သတ်ခံလိုက်ရတာပါ။

အဲဒီအုပ်ချုပ်ရေးမှူးဟာ ဆိုင်ကယ်စီးနေချိန် ပစ်သတ်ခံရတာလို့စုံစမ်းသိရပါတယ်။

ဒီပစ်သတ်မှုနဲ့ပတ်သက်ပြီး အောင်စည်တော်စစ်ဆင်ရေး မန္တလေး ဆိုတဲ့အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးထံကနေ လက်လုပ်သေနတ်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိတယ်လို့လည်း အဲဒီအဖွဲ့ ပြောထားပါတယ်။

ဒေသခံအချို့ဆီက သိရတာကတော့ စစ်ကောင်စီတပ်ဟာ ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာအနီးက အမျိုးသမီး ၂ ဦးကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

မန္တလေးမြို့မှာ ဒီလ အတွင်းမှာတင် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃ ဦး ပစ်သတ်ခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။