Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ် ကသာနှင့်ထီးချိုင့်ကြားတွင်မိုင်းဆွဲတိုက်ခိုက်ခံရ

သေဆုံးသူနှစ်ဦးမှာဖေဖော်ဝါရီ ၁၉ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးသုံးရက်အကြာယ​နေ့(ဖေဖော်ဝါရီလ ၂၂ရက်)နံနက်တွင်မှ ရုပ်အလောင်းကို တွေ့ရှိရခြင်းဖြစ်သည်။

(ပြည်သူ့ကာကွယ်​ရေးတပ်မ​​တော်(PDF)တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KPDF)
(ပြည်သူ့ကာကွယ်​ရေးတပ်မ​​တော်(PDF)တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KPDF)

▪︎မိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်တပ်က ပြည်သူ ၂ ဦးကိုသတ်ပြီး ၃ ဦးကိုဖမ်းဆီး

ကသာနှင့်ထီးချိုင့်မြို့ကြားတွင် စစ်ကာင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၁၅ ဦးခန့်​သေပြီးနောက် စစ်တပ်ကအရပ်သား နှစ်ဦးကို သတ်ဖြတ်သွားပြီး သုံးဦးထက်မနည်းကို ဖမ်းဆီးသွားကြောင်း ​ဒေသခံနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။

အင်အား ၈၀ခန့်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းအား ကသာနှင့်ထီးချိုင့်မြို့ကြားကလုံရွာတွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့( PDF )များက ဖေဖော်ဝါရီ ၁၉ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

“အဲ့ဒီတိုက်ပွဲမှာသူတို့ ၁၅ယောက်လောက်သေတယ်။ဒဏ်ရာရတဲ့သူတွေကို မြစ်ကြောင်းကနေ စက်လှေနဲ့ပို့ချိန် လမ်းကနေဖြတ်တိုက်ခဲ့ကြ‌သေးတယ်” ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်‌ရေးတပ်မ​တော်မှတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည်ထိုနေ့မှစ၍ ကလုံရွာတွင် တပ်စွဲကာ အရပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“သာဂရတံတားအောက်မှာအရပ်သားနှစ်ယောက်သေနေတာတွေ့တယ်။ စောင်တွေနဲ့လုံးထွေးပြီးမှသတ်ထားတာ” ဟု ထီးချိုင့်မြို့မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

သေဆုံးသူနှစ်ဦးမှာဖေဖော်ဝါရီ ၁၉ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးသုံးရက်အကြာယ​နေ့(ဖေဖော်ဝါရီလ ၂၂ရက်)နံနက်တွင်မှ ရုပ်အလောင်းကို တွေ့ရှိရခြင်းဖြစ်သည်။

ထိုအပြင်စစ်ကောင်စီတပ်သည် ကလုံရွာမှ ပြည်သူသုံးဦးထက်မနည်းကိုလည်း ဖမ်းဆီးထား​ကြောင်းဒေသခံများကပြောသည်။

ယခုအခါ စစ်​ကောင်စီတပ်သည်ကသာမြို့နယ်အတွင်းကျွန်းပင်ရွာ၊တမန်းဒေါင့်ရွာနှင့် ဖွက်ရွာတို့တွင် စစ်ကြောင်းသုံးကြောင်းခွဲ တပ်စွဲထားသည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်