Connect with us

Hi, what are you looking for?

သတင်း

PTTEP နှင့် PTTအမှတ်တံဆိပ် ထုတ်ကုန်များဆန့်ကျင်သပိတ်မှောက်ရန် လောင်းလုံးလူငယ်များလှုံ့ဆော်

လူငယ်များက ပြည်သူလူထုအနေဖြင့် နိုင်ငံရေးအံတုမှုများအပေါ် ပိုမိုယုံကြည်လာပြီး လက်နက်မဲ့လူထုတိုက်ပွဲတွင် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်များ ပြိုကျရေးအတွက် PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးဟောပြောခဲ့သည်။

ဓာတ်ပုံ - DDMSC
ဓာတ်ပုံ - DDMSC

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စျေးတစ်ခုတွင် ယနေ့ (ဖေဖော်ဝါရီ ၂၃) နံနက်ပိုင်း၌ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ လူထုအား စစ်တပ်၏ စီးပွားရေးထောက်တိုင်တစ်ခုဖြစ်သည့် ထိုင်းကုမ္ပဏီ PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်မှောက်ရန် စည်းရုံးလှုံ့ဆော်ခဲ့သည်။

လူငယ်များက ပြည်သူလူထုအနေဖြင့် နိုင်ငံရေးအံတုမှုများအပေါ် ပိုမိုယုံကြည်လာပြီး လက်နက်မဲ့လူထုတိုက်ပွဲတွင် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်များ ပြိုကျရေးအတွက် PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးဟောပြောခဲ့သည်။

ထို့အပြင် ဈေးသူ၊သားအား DDMSC မှ ထုတ်ဝေသည့် စည်းရုံးရေးစာစဉ်များ ဖြန့်ဝေပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

PTTEP သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းကြီးများဖြစ်ကြသည့် ရတနာသဘာဝဓါတ်ငွေ့စီမံကိန်းတွင် ၂၅.၅% ၊ ရဲတံခွန်စီမံကိန်းတွင် ၁၉.၃၂% နှင့် ဇောတိကစီမံကိန်းတွင် ၈၀% ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျှက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီအား ဒေါ်လာသန်းပေါင်းများစွာ ပေးဆောင်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံနှင့် စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်ကြောင်း DDMSC က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - DDMSC
ဓာတ်ပုံ – DDMSC

DDMSC အဖွဲ့အနေဖြင့် သွေးစွန်းငွေဖြတ်တောက်ရေးကမ်ပိန်း လှုပ်ရှားဆောင်ရွက်လျှက်ရှိသည့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ပြီး စစ်အုပ်စု၏ အခြေခံစီးပွားရေး အရင်းအမြစ်နှင့် ထောက်တိုင်များဖြိုချရေးအတွက် လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၀)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ကြဖို့ (ဒီဇင်ဘာ ၁၆) မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေးဇာတ်ကားမှာပါဝင်သူတွေကို ပြည်သူ​တွေက လူမှု​ရေးပြစ်ဒဏ်ခတ်တာ ၊ သပိတ်​မှောက်တာအပြင်းအထန်ပြုလုပ်​နေတာ​ကြောင့် စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက အနုပညာရှင်အားလုံးကို​မလာမ​နေရ ခေါ်ယူပြီး ဒီကနေ့(အောက်တိုဘာ၃၀)မွန်းလွဲပိုင်းမှာအ​ရေး​ပေါ်အစည်းအ​ဝေး​ခေါ်​နေတယ်လို့အနုပညာအသိုင်းအဝိုင်းက သတင်းရင်းမြစ်​တွေကပြောပါတယ်။